~~Extra-1~~

1.3K 115 11
                                    

Unicode & Zawgyi

Unicode

"မောင်ရာ......အခုလောက်ဆိုပြောသင့်နေပါပြီ"

မင်္ဂလာပွဲကို အောင်အောင်မြင်မြင်ကျင်းပအပြီးမှာ နှစ်ယောက်သားအတူလေဆိပ်ဆင်းခဲ့ကြတာမှန်သည်။သို့သော် အခုလေဆိပ်ရောက်လို့ လေယာဉ်ပေါ်တက်ခါနီးနေသည်အထိ ဘယ်သွားရမလဲဆိုတာကိုမသိရသေးသော ဂျောင်ကုမှာတော့ တော်တော်အသည်းပေါက်နေပြီဖြစ်သည်။Public Airlineနဲ့ဆိုလည်း ဘယ်နိုင်ငံဆိုတာကို သိရသေးသည်။သို့သော် အခုဟာကတော့ မောင့်ရဲ့ကိုယ်ပိုင်Private Jetနဲ့ပေမို့ ဘယ်သွားမယ်ဆိုတာကိုမသိရ။အခုချိန်ထိ နှုတ်ဆက်ပြီးလျို့ဝှက်ထားတဲ့မောင့်ကိုလည်း စိတ်ကောက်ချင်လာသည်။မောင့်ရဲ့ဝန်ထမ်းတွေကလည်း စိတ်ချရသည်။ခေါ်လိုက်ရင်တော့'အစ်ကိုလေး'ချင်းထပ်နေပေမယ့် ဟန်းနီးမွန်းခရီးစဉ်နဲ့ပတ်သတ်ပြီးမေးရင်တော့ ဉက္ကဌကမပြောပြခိုင်းဘူးဆိုတာချည်းပင်။မင်္ဂလာဆောင်နေ့ဟဲ့လို့ စိတ်ကိုတင်းကာ ဖြောင့်အောင်ဆွဲဆန့်နေသော်လည်း ဘေးကနေထိုင်ကာ ဖုန်းကြည့်နေတဲ့မောင့်အား အသည်းပေါက်လာပြီဖြစ်သည်။ဒါကြောင့် ဘောင်းဘီအကျပ်ဝတ်ထားသဖြင့် ထင်းထွက်နေတဲ့မောင့်ပေါင်တွေအား စိတ်ရှိလက်ရှိထုရိုက်ပစ်လိုက်သည်။

"အ့.....အ့......ဘာလို့လဲမောင့်အမျိုးသားလေးရဲ့"

"ဘယ်သွားမှာလဲ"

"လျို့ဝှက်ချက်"

"အေး....မလိုက်ဘူး!!"

စိတ်ထက်လူကပိုမြန်တဲ့ဂျောင်ကုဟာ တစ်ကိုယ်ရည်စာထည့်လာတဲ့အိတ်လေးကိုကိုင်ကာ ထထွက်သွားမယ်ပြင်မှ ဖုန်းကိုအိတ်ထဲထိုးထည့်ကာ အသည်းအသန်လိုက်ဆွဲလေသည်။အနောက်ဘက်ကနေ ခါးကိုတင်းတင်းကျပ်ကျပ်လာဖက်တဲ့မောင်ဟာ ပုခုံးပေါ်မေးတင်ပြီး ပါးပြင်ကိုတစ်ရွတ်ရွတ်နမ်းလာတာမို့ သဘောကျမိသော်လည်း ဆက်လက်တင်းခံနေရဉီးမှာမို့ မျက်နှာကိုတည်ထားလိုက်သည်။လေဆိပ်ဆင်းရမှာမို့ ပေါ့ပေါ့ပါးပါးဝတ်ထားတဲ့ ခဲရောင်တီရှပ်ပွပွကြီးအောက်ကို ရောက်လာတဲ့မောင့်လက်ဖဝါးတွေကြောင့် ဘေးဘီဝဲယာကိုလှမ်းကြည့်မိတော့ ဘယ်သူမှရှိမနေ။Private Jetကွင်းဖြစ်တာကြောင့်ရော၊ ပုံမှန်ခရီးသွားနေကျအချိန်မဟုတ်တာကြောင့်ရောပေါင်းကာ ကွင်းထဲမှာလူရှင်းနေလို့တော်သေးသည်။သို့သော် အရှက်အကြောက်ကြီးတတ်တဲ့ဂျောင်ကုမှာတော့ မျက်နှာဝိုင်းဝိုင်းဖောင်းဖောင်းလေးဟာ နီသထက်နီလာပြီး ခရမ်းချဉ်သီးလုံးလေးနဲ့တောင် တူသွားရသည်အထိ ပူတက်လာသည်။ဒါကြောင့် အနောက်ကိုချက်ချင်းလှည့်ပစ်လိုက်ကာ ခါးသိမ်သိမ်ကိုဆွဲဖျစ်နေတဲ့လက်တွေကို ဆွဲထုတ်ပစ်တော့ ကမ္ဘာ့အပြစ်ကင်းစင်ဆုံးမျက်နှာပေးနဲ့ ကြောင်တက်တက်လေးကြည့်နေတဲ့မောင့်မျက်နှာကိုတွေ့လိုက်ရသည်။

TE ADORO:LAVENDER [COMPLETED]Where stories live. Discover now