Fire

5.5K 391 19
                                    

zawgyi

အမှိုက်ကစလို့ ပြာဿဒ်မီးလောင်လေ၏။ သေးငယ်သော မီးပွားလေးတစ်စတောင်မှ အချိန်မီ မငြိမ်းသတ်နိုင်လျှင် ကြီးမားသော မီးတောက်ကြီးအသွင်သို့ ကူးပြောင်းကာ အပြစ်မဲ့သောသက်ရှိတို့၏ အသက်ပေါင်းများစွာကို တမဟုတ်ချင်း ဝါးမြိုသွားနိုင်လေသည်။ ထိုမီးတောက်မီးလျှံတို့၏ လောင်ကျွမ်းမှုက မည်တော့မှ အဆုံးမသတ်နိုင်ချေ။ ပို၍ပို၍ ကြီးမားလာလေလေ ဆုံးရှုံးမှုကများလေလေ ဖြစ်၏။ အရက်စက်ဆုံးသော အသက်ဝိဥာဉ်တို့ကို ထုတ်ယူစားသုံးသူ။

အမုန်းတရားမီးလျှံ

"မင်းပဲမလား?" Kris က ခပ်ဗွင်းဗွင်းပဲ မေးလိုက်၏။ သူ့မျက်နှာတွင်တော့ မည်သည့်အမူအရာတစ်စုံတစ်ရာကိုမျှ မဖော်ပြချေ။ Kris တစ်ယောက် စင်ပေါ်တွင်တင်ထားသော ခေါက်ဆွဲထုတ်တွေထဲမှ တစ်ပါကင်ကို ယူကာ တွန်းလှည်းထဲသို့ ထည့်လိုက်သည်။ ထို့နောက် ဘီယာဘူးတွေထည့်ထားသော ရေခဲသေတ္တာနားသို့သွားကာ ဘီယာဘူးနှစ်ကတ်ကိုလည်း ထည့်လိုက်ပြီး ကောင်တာဆီသို့ ငွေရှင်းရန် တွန်းသွားလိုက်သည်။

Chanyeol တစ်ယောက်ကတော့ ဘာမှပြန်မဖြေ။ Kris ရဲ့ လှုပ်ရှားပြုမှုနေသမျှကိုသာ သူ့ဘဝတွင် ပထမဆုံးမြင်ဖူးသည့်ပမာ ထပ်ကျပ်မခွာ လိုက်လံစူးစမ်းနေလေသည်။

Kris က ဝယ်လာသောပစ္စည်းတွေကို စစ်ဆေးလိုက်ပြီး မနီးမဝေးတွင်ရှိသော သူနေထိုင်ရာကွန်ဒိုဆီသို့ လမ်းလျှောက်ပြန်လာခဲ့လေသည်။ သူနှင့်အတူ Chanyeol လည်း တစ်လမ်းလုံးပါလာ၏။

"အဲ့ဒီအနမ်းက.." အိမ်ထဲသို့ရောက်သောအခါ Chanyeol က စကားစလိုက်လေသည်။ "မင်းက ဘာလို့ ငါ့ကို နမ်းရတာလဲ?"

ထိုမေးခွန်းကြောင့် Kris ရဲ့ ခန္ဓာကိုယ်တစ်ခုလုံး ရေခဲထုတွေဖုံးလွှမ်းသွားသလို အေးစက်တောင့်တင်းသွား လေသည်။ ထိုတစ်ခဏ၌ ဘာပြောလို့ပြောရမှန်းမသိပဲ သူ ဆွံ့အ သွားမိ၏။ "အဲ့အနမ်းက... ဘာမှမဟုတ်ပါဘူး"

"တကယ် ဘာမှမဟုတ်ဘူးလား?" Chanyeol က ထပ်မံမေးမြန်းလိုက်ပြန်သည်။

"ငါ ခေါက်ဆွဲသွားပြုပ်လိုက်ဦးမယ်.. မင်းလည်း စားမယ်မလား?" Kris တစ်ယောက် မီးဖိုချောင်ဆီသို့ ထွက်သွားကာ ဝယ်လာသောအထုတ်တွေကိုဖြည်ပြီး ဘီယာဘူးတွေကို ရေခဲသေတ္တာထဲ စီထည့်နေလေသည်။

But I Hate YouWhere stories live. Discover now