zawgyi
နှစ်လ ဆိုတဲ့အချိန်ကာလက မျက်စိတစ်မှိတ်အတွင်းမှာပဲ လျင်မြန်စွာကုန်ဆုံးခဲ့သည်။ Kris နဲ့ Chanyeol တို့နှစ်ဦးသား မှာလည်း ထိုအချိန်ကာလရဲ့ စက္ကန့်တိုင်းလိုလိုကို အတူတကွ ဖြတ်ကျော်ခဲ့ကြသည်။ Chanyeol ရဲ့ နေ့စဉ်လေ့ကျင့်မှုတွေကို Kris တစ်ယောက် ဆက်လက်လေ့ကျင့်ပေးခဲ့သည်။ သို့သော် ထိုလေ့ကျင်မှု၏ ရည်ရွယ်ချက်ကတော့ ပြောင်းလဲခဲ့ပါ၏။ Kris မှာ အန္တရာယ်တောထဲတွင် နေထိုင်ရသူတစ်ဦးဖြစ်သည်။ သူ့တစ်ယောက်တည်းအတွက်သာမဟုတ်... သူနှင့် ပက်သက်ဆက်နွယ်နေသော ပတ်ဝန်းကျင်ပါ အန္တရာယ်နှင့်မကင်းနိုင်.. Chanyeol နှင့် သူ့ရဲ့ ရင်းနှီးမှု အတိုင်းအတာက Chanyeol ကို အန္တရာယ်တောထဲ တွန်းပို့ပြီးရက်သား ဖြစ်နေခဲ့ပြီ..
နှစ်လအကြာ ဆက်တိုက် အပြင်းအထန် လေ့ကျင့်မှုတွေ အပြီးမှာတော့ Chanyeol ရဲ့ အရပ်အမောင်းက နဂိုကထက် သိသိသာသာမြင့်မားလာရာ Kris နဲ့ တစ်လက်မ နှစ်လက်မလောက်သာ ကွာတော့၏။ ခန္ဓာကိုယ်မှာလည်း အတန်ငယ် ဖွံ့ထွားလာပြီး သူ၏ ပိန်သွယ်သွယ်ခန္ဓာကိုယ်တွင် ကြွက်သားတင်းတင်းတွေနှင့် ပုံစံတကျ ကြည့်ကောင်းနေ၏။ သူ၏ တိုက်ခိုက်မှုစွမ်းရည်မှာတော့ အချိန်တိုအတွင်းမှာ မယုံကြည်နိုင်လောက်အောင် အံ့မခန်းတိုးတက်လာလေသည်။ Kris နဲ့ Lay တို့နှစ်ဦးရဲ့ သင်ကြားလေ့ကျင့်ပေးမှုအောက်တွင် တိုက်နည်းတိုက်ဟန်ရော ကျွမ်းကျင်ပိုင်နိုင်မှုပါ မျက်လှည့်ပြလိုက်သလို တမဟုတ်ချင်း တိုးတက်လာခဲ့သည်။ ဥပမာဆိုရရင် လူတကာအတွက် ခက်ခဲလွန်းလှပါသည်ဟူသော တိုက်ကွက်တစ်ခုကို တစ်ရက်နှစ်ရက်လောက်အတွင်းမှာ ဆရာကျလောက်အောင် တိုက်ခိုက်နိုင်တာ မထူးဆန်းလွန်းပါဘူးလား?
"သူ့မှာ ပါရမီရှိတယ်ကွ" တစ်နေ့တွင်တော့ Lay က Kris ကို ပြောလာ၏။"တစ်ချိန်ကျရင် တကယ့်ကို ကြီးကြီးမားမား အကောင်ဖြစ်လာမယ့်ပုံပဲ"
"ဟင့်အင်း Lay.." Kris က သူ့ခေါင်းကို ရမ်းရင်း Lay ရဲ့စကားကို ငြင်းဆန်လိုက်သည်။ "ငါ သူ့ကို Chanyeol ဆိုတဲ့ ကောင်လေးတစ်ယောက်ဆိုတာထက် ဘာမှပိုမဖြစ်စေချင်ဘူး... သူ့ဘဝကို ငါ့လို မဖြစ်စေချင်ဘူး.."
Kris နဲ့ တန်းတူရည်တူတိုက်ခိုက်နိုင်ဖို့တော့ Chanyeol အတွက် လေ့ကျင့်သင်ကြားစရာတွေ ကျန်ပါသေးသည်။ သို့ရာတွင် Kris ကိုသာဖို့ Chanyeol တစ်ယောက် စိတ်မဝင်စားတော့.. အရင်ကတော့ Kris ထက်သာနိုင်ဖို့ သူ့အတွက် အသက်တမျှအရေးကြီးခဲ့သည်။ ယခုအခါတွင်တော့ ဒါတွေ မလိုအပ်တော့... သူ့ရဲ့ နေ့ရက်တိုင်း Kris နဲ့ အတူတူကျော်ဖြတ်ရတာကို စွဲမက်နေခဲ့ပြီ...

ESTÁS LEYENDO
But I Hate You
FanfictionKris is a top assassin in Korea and he had taken in a boy, whose father was killed by Kris himself. It is only natural for hatred to gather up in the boy's heart, and it did. But will spending time with Kris help him grow closer to him? Or will he s...