Sorrow

4.2K 338 15
                                        

zawgyi

သူခံစားနေရသည်။ သူ့ဘေးနားမှာ လွှမ်းခြုံထားတဲ့ ကိုယ်ငွေ့နွေးနွေးလေးတစ်ခုကို သူ ခံစားနေရသည်။ ထိုအနွေးဓာတ်လေးက သူ့ရင်ဘတ်အသားလွှာကို ဖောက်ထွင်းကာ အသက်သွေးကြောမျှင်လေးများမှတစ်ဆင့် နှလုံးသားထဲသို့ ဝင်ရောက်စီးဆင်းသွားလေသည်။ Chanyeol ရဲ့မျက်ဝန်း ပြူးဝိုင်းဝိုင်းလေးတွေက သူ့ဘေးတွင် ငြိမ်းချမ်းစွာအိပ်စက်အနားယူနေသော Kris ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို နေရာလပ်မကျန်အောင် နယ်လှည့်၍ ငေးမောနေ၏။ Kris ရဲ့ အရာရာတိုင်းကို သူ့အပိုင်ဟူ၍ လိုက်လံသိမ်းဆည်းနေသည့်အလား။ ထို နှုတ်ခမ်းပါးနုနုလေးတွေကအစ ချောမောဝင်းဝါနေသော မျက်နှာလေးပေါ်သို့ ဖရိုဖရဲပျံ့ကျဲကျနေသော ပယင်းရောင်ပိုးသားဆံနွယ်လေးတွေတစ်မျှင်ချင်းစီကအဆုံး သူပိုင်ဆိုင်လေသည်။

အဝတ်အစားဖုံးကွယ်ထားခြင်းမရှိပဲ လစ်ဟာနေသော ရင်ခွင်တစ်စုံ၏ ဖျားယောင်းသွေးဆောင်မှုကြောင့် Chanyeol တစ်ယောက် ထိတွေ့ခံစားလိုသော ရမ္မက်တို့ကို ထိန်းသိမ်းထား၍ မရတော့။ သူတို့နှစ်ဦးရဲ့ ရှည်လျားသောခြေတံတွေရဲ့ တစ်ချို့တစ်ဝက်က စောင်အောက်တွင် ဖုံးကွယ်နေကြပြီး တစ်ပိုင်းတစ်စကတော့ အပြင်သို့ထွက်နေကြကာ ဆင်စွယ်ရောင်စောင်ကြီး၏ အောက်တွင် တူတူပုန်းတန်းကစားနေကြသယောင်။

Chanyeol ရဲ့ လက်ချောင်းရှည်သွယ်သွယ်လေးတွေက  Kris ရဲ့လည်ပင်းဆီသို့ မဝံ့မရဲခပ်ဖော့ဖော့လေး ရွေ့လျားသွားပြီး လည်ပင်းတွင်ဆွဲထားသော Dragon ဆွဲကြိုးလေးကို အသာအယာ ပွတ်သပ် ကိုင်တွယ်ကြည့်လိုက်သည်။ Dragon ရဲ့ ပုံပန်းသဏ္ဍာန်ထုဆစ်ထားပုံက Kris နှင့်လိုက်ဖက်စွာ ရဲဝံ့သည့်အသွင်ကို ဆောင်နေလေသည်။ Kris နှင့်အလားသဏ္ဍာန်တူညီစွာ လှပနေလေသည်။ ဒဏ္ဍာရီထဲတွင် Dragon တို့က ခမ်းနားထည်ဝါသောဂုဏ်ဒြပ်တို့ကို ပိုင်ဆိုင်ကြလေ၏။ Kris လည်း ထိုနည်းတူစွာပင်။

သူတို့က တစ်စုံတစ်ယောက်ရဲ့ နှလုံးသားကိုရော အပိုင်သိမ်းဆည်းတတ်ကြသလား? Chanyeol တွေးလိုက်မိလေသည်။ Dragon တွေက သူတို့ရဲ့ ရက်စက်ကြမ်းတမ်းတဲ့ နှလုံးသားတွေကိုရော အနူးညံ့ဆုံးသောပန်းလေးတွေအဖြစ် ပြောင်းလဲဖန်ဆင်းတတ်ကြသလား?

But I Hate YouOù les histoires vivent. Découvrez maintenant