Help

7.4K 426 3
                                    

zawgyi

နံနက်ခင်းနေခြည်ဖြာက ခန်းဆီးလိုက်ကာကြိုကြားမှ တိုးဝင်ကာ အိပ်မောကျနေသော Chanyeol ရဲ့ မျက်နှာပေါ်သို့ သက်ဆင်းနေကြ၏။ နိုးတစ်ဝက် မနိုးတစ်ဝက်နှင့် သူ့ဘေးက နွေးထွေးသောအရာဆီသို့ အနည်းငယ်တိုးကာ ပူးကပ်လိုက်လေသည်။ တစ်စုံတစ်ခု... ထိုနွေးထွေးသော တစ်စုံတစ်ခုကို သူ့လက်တွေဖြင့် ထွေးပွေ့ရစ်ပတ်ထားလိုက်မိ၏။ ဒီလို ထွေးပွေ့ ဖက်တွယ်ထားတာကတော့ သူ့အနံ့ခံအာရုံထဲကို ထို မွှေးရနံ့တစ်ခု ဆိုက်မရောက်လာခင်ချိန်အထိပဲပေါ့.... သူ ရင်းရင်းနှီးနှီးသိနေသော ရေမွှေးနံ့တစ်ခုလေ... Chanyeol တစ်ယောက် သူ့ရဲ့လေးလံနေတဲ့ မျက်ခွံတွေကို အလျင်အမြန် ဖွင့်ကြည့်လိုက်၏။ ထိုအခါတွင်တော့ သူ့မျက်နှာနှင့် ဆံချည်မျှင်တစ်မျှင်စာ ပမာဏလောက် အကွာမှ တစ်စုံတစ်ယောက်၏ မျက်နှာကို မြင်တွေ့လိုက်ရလေသည်။ Kris??? Chanyeol တစ်ယောက် Kris ကို ဖက်တွယ်ထားတဲ့ သူ့ရဲ့လက်တွေကို အမြန်ပြန်ရုတ်လိုက်ပြီး Kris ရဲ့ နတ်သားတမျှချောမောလှတဲ့ မျက်နှာကို ဆက်လက် ငေးကြည့်နေမိလေရဲ့...

သူက ဘာလို့ ဒီရောက်နေရတာလဲ??

မကြာခင်မှာပဲ Kris ရဲ့ မျက်လုံးတွေပွင့်လာပြီး အိပ်ရာမှ နိုးလာကာ အာရုံတွေ ထွေပြားရှုပ်ထွေးဝေဝါးစွာဖြင့် Chanyeol ကို စိုက်ကြည့်နေလေရဲ့... ထို့နောက် အခန်းထဲကို ဝေ့ဝဲကြည့်လိုက်ပြီး သူဘာလို့ Chanyeol ရဲ့ အခန်းထဲ Chanyeol ရဲ့ အိပ်ရာပေါ် ရောက်နေတာလဲ ဆိုတဲ့ မေးခွန်းရဲ့ အဖြေကို ရှာဖွေနေလေသည်။

" ငါ ဘာလို့ ဒီရောက်နေတာလဲ? "

" အဲ့ မေးခွန်းက ငါမေးရမှာ "

အချိန်အတန်ကြာအောင် နှစ်ယောက်စလုံး တိတ်ဆိတ်နေကြပြီးမှ Kris က ပြောလိုက်လေသည်။

" ah... ငါ ဒီမှာ အိပ်ပျော်သွားတာ.."

" ဘာ?? သေလိုက်ပါလား "

"ကောင်းသားပဲ... Park Chanyeol.. မင်း လူသတ်သမားနဲ့ တူတူအိပ်ခဲ့ရုံလောက်ပါပဲ.. ဒါမျိုးတစ်ခါမှတောင် မမျှော်လင့်ခဲ့ဖူးဘူးမလား?" Chanyeol တစ်ယောက် သူ့ကိုယ်သူ ရွဲ့တွေး တွေးလိုက်လေ၏။

Kris တစ်ယောက် အိပ်ရာပေါ်မှ အမြန်ဆင်းလိုက်ပြီး ရေချိုးခန်းထဲသို့ ဝင်သွားသည်။ ထို့နောက် တံခါးကို လော့ချ ကာ ရေဘုံဘိုင်ကို ဖွင့်၍ ရေနွေးနွေးတွေဖြင့် အလျင်အမြန် မျက်နှာသစ်လိုက်ပြီး သူ့ကိုယ်သူ အိပ်မက်ကမ္ဘာမှ သေသေချာချာနိုးထအောင် နိုးလိုက်လေသည်။

But I Hate YouWhere stories live. Discover now