Reflection

2.9K 280 38
                                    

zawgyi

"ဟဲလို.. Chanyeol လား?"

"ဟုတ်တယ် Lay hyung.. အခြေနေဘာထူးလို့လဲ?"

"Chanyeol.."

"ဘာဖြစ်လို့လဲ?? ပြောလေ hyung"

"သူ... သူ မရှိတော့ဘူး Chanyeol.."

"ဘာ? ဘယ်လို?" တစ်ဖက်မှ Lay ရဲ့ စကားသံကြောင့် Chanyeol တစ်ယောက် သတိလက်လွတ်ဖြစ်သွားသည်။

"Kris.. သူ ထွက်သွားပြီ.. ခုနကပဲ nurse တွေ ဆေးထည့်ပေးဖို့ အခန်းထဲဝင်သွားတော့ သူ မရှိတော့ဘူး။ ဆေးရုံတစ်ခုလုံးလည်း ရှာနေတာ နှံ့နေပြီ။ ခုထိ မတွေ့သေးဘူး" Lay ရဲ့အသံက အလောတကြီးဖြင့် တုန်တုန်ရင်ရင်ဖြစ်နေသည်။

"ဘယ်..ဘယ်လိုဖြစ်လို့" Chanyeol တစ်ယောက် အသက်ရှူရပင် ခက်ခဲလာသည်။ လည်မျိုတွင်လည်း တစ်ခုခုက တစ်ဆို့နေသလို။ သူ မမျှော်လင့်ထားခဲ့မိသော ဖြစ်ရပ်တစ်ခုကို လက်တွေ့အဖြစ် ဘယ်လိုမှ ယုံကြည်မပေးနိုင်။ မနက်ကလေးတင် သူ Kris ဘေးမှာ အကြာကြီးနေခဲ့ပေးသေးသည်။ ထိုစဉ်က Kris တစ်ယောက် သူ့အနားတွင် ငြိမ်သက်စွာပင် အိပ်ပျော်နေခဲ့သည် မလား။

သြော်.. ကံတရားရယ်.. တတ်လည်းတတ်နိုင်ပါပေတယ်။ ဒဏ်ရာအသစ်အတွက် နေရာလွတ်တောင် မကျန်တော့တဲ့ ဒဏ်ရာပရပွနဲ့ နှလုံးသားကို မရရအောင် ထပ်ခွဲပစ်ပြန်ပေါ့။ နောက်ထပ်ရော ဘာဒဏ်ရာတွေများ ထပ်ပေးဖို့ ကျန်သေးလဲ ဆိုတာ သူ မစဉ်းစားတတ်တော့။

"သူ ဘယ်ထွက်သွားလဲ၊ ဘာလို့ထွက်သွားလဲဆိုတာ ခန့်မှန်းဖို့ ဘာသဲလွန်စမှလည်း မကျန်ခဲ့ဘူး။ ဒါပေမယ့် စိတ်မပူပါနဲ့ Chanyeol.. သူက Kris ပဲဟာ.. ဘာမှဖြစ်လောက်မှာ မဟုတ်ပါဘူး။ ငါတို့လည်း ဒီမှာ မရရအောင် ရှာနေတာ။ စိတ်တွေအရမ်းပူမနေနဲ့နော် ကြားလား?"

"ကျွန်တော် စိတ်မပူပါဘူး" ခါးသည်းလွန်းလှသော ရယ်သံတစ်ခုဖြင့် Chanyeol ပြန်ဖြေလိုက်သည်။ "သူက Kris ပဲဟာ.."

ကျွန်တော့်ကို ထားသွားတဲ့သူပေါ့

****************

ဒဏ်ရာက တဆစ်ဆစ်နှင့် စူးအောင့်နေသည်။ ကျောဘက်ဆီမှ နူးညံ့သောအထိအတွေ့က မွေ့ရာတစ်ခုပေါ်တွင် ရောက်နေကြောင်း အသိပေးနေသည်။ စိတ်အစဉ်တို့က ရီဝေမိန်းမောလျက် ပတ်ဝန်းကျင်ကို စူးစမ်းကြည့်ချင်မိသော်လည်း မျက်လုံးအစုံတို့က မဖွင့်နိုင်။ ခြေလက်တို့ကို ကြိုးစား၍ လှုပ်ရှားကြည့်မိသောအခါ တုတ်နှောင်ခြင်းခံထားရပြီး ရုန်းထွက်၍ မရ။ သူဘယ်ကို ရောက်နေတာလဲ? ဘာလို့ သူ့ခြေလက်တွေ အတုတ်နှောင်ခံထားရတာလဲ?

But I Hate YouWhere stories live. Discover now