The Truth is

3.7K 317 34
                                        

zawgyi

မှန်များအပြည့်ကာထားသော ခန်းမကျယ်ကြီးအတွင်းတွင် ဓားနှစ်လက်၏ပွတ်တိုက်မိသံ တချွမ်းချွမ်းက ပဲ့တင်ထပ်နေသည်။ ငွေရောင်လက်နေသော ဓားရှည်များကို ကိုင်ဆောင်ထားသည့် လူနှစ်ဦး၏ လှုပ်ရှားမှုများကလည်း လျှပ်စီးလျှပ်နွယ်များသဖွယ် လျင်မြန်ဖြတ်လတ်နေကြသည်။

"မင်း တော်တော်တိုးတက်လာတာပဲ" ချွေးများတရွှဲရွှဲနှင့် မောဟိုက်နေသည့်ကြားမှ Lay ကပြောလိုက်သည်။

"ဟုတ်လား?" မျက်နှာချင်းဆိုင်တွင် ရပ်နေသည့် Chanyeol ဓားကို လက်ထဲတွင်ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားတာ ပြုံးလိုက်သည်။ ထို့နောက် တစ်ဖန်ပြေးဝင်လာကာ တိုက်ခိုက်မှုကို စတင်လိုက်ပြန်သည်။

"ယား!!!!"

ထို့သို့ တိုက်ခိုက်နေရင်းဖြင့် Chanyeol ၏ အပေါ်မှမိုး၍ ခုတ်လိုက်သော ဓားချက်ကို Lay က ဘေးဘက်သို့ မြန်မြန်လှိမ့်ထွက်ကာ ရှောင်ရှားလိုက်ရသည်။ သို့သော် သူပြန်အထတွင်တော့ လျင်မြန်သော Chanyeol ၏ ဓားသွားက လည်မျိုတည့်တည့်တွင် ဆီးကြိုနေခဲ့ပြန်သည်။

Lay က ဓားကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။ "ငါ ရှုံးသွားပြီပေါ့"

"Chanyeol..." သူ့ဘေးတွင် နံရံကိုမှီကာ ယှဉ်ထိုင်နေသော Lay ၏ ခေါ်သံကြောင့် သူ ပြန်လှည့်ကြည့်လိုက်သည်။ "မင်း တကယ် အဲ့လို ဆုံးဖြတ်လိုက်ပြီလား?"

"အင်း.." Lay ထံမှ အကြည့်ခွာကာ လက်ထဲမှ ရေဘူးဆီသို့ ရည်ရွယ်ချက်မရှိပဲ သူ ငေးနေမိသည်။

"ကျွန်တော့်ကို အတိတ်ကအမှတ်တရတွေ ပြန်သတိရအောင်လုပ်ပေးမယ်တဲ့... အမှတ်တရအသစ်တွေလည်း ဖန်တီးပေးမယ်တဲ့..." လည်ချောင်းထဲတွင် တစ်စုံတစ်ရာတစ်ဆို့လာသလို ခံစားလာရသဖြင့် ထိုခံစားမှု ပျောက်လိုပျောက်ငြား သူ တံတွေးမြိုချလိုက်မိသည်။ သို့သော် ပျောက်ကွယ်မသွားပဲ ထိုတစ်စုံတစ်ရာက ရင်ဘတ်ထဲအထိ နေရာတိုးချဲ့လာခဲ့သည်။ သူ အားတင်းကာ ဆက်ပြောလိုက်သည်။ "အဲ့လိုပြောခဲ့သူက ကျွန်တော့်အနားမှာ မရှိတော့ဘူးလေ... အဲ့ဒါကြောင့်မို့..."

"Chanyeol..."

ချုပ်ထိန်းထားသည့်ကြားမှ ကျဆင်းလာသော မျက်ရည်စများကို သူ ခပ်ကြမ်းကြမ်း သုတ်ပစ်ကာ ထပ်မကျလာအောင် ခေါင်းကို အပေါ်မော့ထားလိုက်သည်။ "အဲ့ဒါကြောင့်မို့.... ကိုယ့်ဘာသာကိုယ်ပဲ အမှတ်တရတွေ ပြန်ရှာတော့မယ်"

But I Hate YouWhere stories live. Discover now