zawgyi
သုံးနှစ်ကြာပြီးနောက်
သုံးဆယ့်ခြောက်လ
တစ်ထောင့်နဲ့ကိုးဆယ့်ငါးရက်
မိနစ်ထောင်ပေါင်း တစ်သန်းနဲ့ ငါးရာခုနစ်ဆယ့်ခြောက် မိနစ်
စက္ကန့်ထောင်ပေါင်း ကိုးဆယ့်လေးသန်းနဲ့ ခြောက်ရာ့ကိုး စက္ကန့်
သူ့နှလုံးသားတွင် အချစ်မရှိခဲ့
သူ့ဘေးတွင် Chanyeol မရှိခဲ့
အထီးကျန်စွာဖြင့် တစ်ကိုယ်တည်း
ဘာလိုလိုနဲ့ Chanyeol ရဲ့ သုံးနှစ်ပြည့် နှစ်ပတ်လည်နေ့တောင် ရောက်ခဲ့ပြီ။ ဒီ Chanyeol နဲ့ ပက်သက်တဲ့ အတွေးတွေမှန်သမျှက သူ့နှလုံးသားအတွက် အဆိပ်ရည်တစ်ခွက်လိုပါပဲ။ Chanyeol အကြောင်းတွေးလိုက်တိုင်း တွေးလိုက်တိုင်း သူ့နှလုံးသားတွေ ရူးမတတ် တဆစ်ဆစ်နာကျင်လာလေရဲ့။ သို့သော်လည်း သူ့အကြောင်းမတွေးပဲ တစ်စက္ကန့်လေးတောင် မနေနိုင်ခဲ့။ စက္ကန့်အချိန်နာရီတိုင်း သူ့ကိုမေ့မရခဲ့။ training ဆင်းနေချိန်လည်း မေ့မရ.. အလုပ်လုပ်နေချိန်လည်း မေ့မရ.. ကုန်ကုန်ပြောရလျှင် လူသတ်ရန် စစ်ဆင်ရေးတစ်ခုကို ဆောင်ရွက်နေစဉ်တောင် မေ့လို့မရပေ။
ပစ်မှတ်ရဲ့ နှလုံးသားတည့်တည့်ကို သေနတ်နဲ့ ချိန်လိုက်တိုင်း တစ်ချိန်တုန်းက သူ့ရင်ခွင်၌ သွေးအလိမ်းလိမ်းဖြင့် သေလုမျောပါးဖြစ်နေသော ကောင်လေးကိုသာ ပြန်မြင်ယောင် နေမိလေသည်။ ထို့သို့ မြင်ယောင်ကာ အသိစိတ်လွတ်လွတ်သွားသဖြင့်လည်း သေလုနီးနီး အသက်အန္တရာယ်ပေါင်းများစွာကို သူ ခဏခဏ ရင်ဆိုင်ခဲ့ရလေသည်။
သူ့နှလုံးသားတွေက တဆစ်ဆစ်နာကျင်နေခဲ့သည်။
ရှင်လျက်နှင့်သူသေခဲ့သည်။
ဦးတည်ချက်မရှိပဲ ရှင်သန်ခြင်းဟူသော လမ်းကို ဤကမ္ဘာမြေပြင်ပေါ်တွင် တစ်ကိုယ်တည်း ဆက်လျှောက်နေမိသည်။
သူတို့နှစ်ဦး၏ ချစ်ခြင်းအား သေခြင်းနှင့်ရှင်ခြင်းဟူသော ကမ္ဘာနှစ်ခုကြားမှ တံတိုင်းတစ်ခုက ကာဆီးထားခဲ့သည်။
သူ့ကို ပျော်ရွှင်မှုပေးစွမ်းနိုင်သော လူတစ်ဦး၊ သူ့အတွက် ဤလောကကြီးတွင် အသက်ရှင် ရပ်တည်ဖို့ တစ်ခုတည်းသော အကြောင်းပြချက်တစ်ခုက သူ့ကို ရုတ်တရက်ကြီး ပျောက်ကွယ်ခွဲခွာသွားခဲ့ပြီးသည့်နောက်တွင်တော့ အထီးကျန်ခြင်းနှင့် ကြေကွဲတမ်းတခြင်းတို့ကိုသာ အဖော်ပြုခဲ့ရသည်။
![](https://img.wattpad.com/cover/19522942-288-k685516.jpg)
YOU ARE READING
But I Hate You
FanfictionKris is a top assassin in Korea and he had taken in a boy, whose father was killed by Kris himself. It is only natural for hatred to gather up in the boy's heart, and it did. But will spending time with Kris help him grow closer to him? Or will he s...