Unexpected

6.9K 462 1
                                    

zawgyi

10 AM

နံနက်ခင်းသစ်သို့ရောက်ခဲ့ပြီ... ယခုချိန်မှစပြီး Chanyeol ရဲ့ လေကျင့်မှုတွေ စတင်ရတော့မည်... သူတို့ အသက်ကို လောင်းကြေးထပ်၍ ယှဉ်ပြိုင်ကြရမည့် ကစားပွဲက နောက် နှစ်နှစ်အလိုက စောင့်မျှော်နေ၏။ နိုင်သည့်သူ အသက်ရှင် သန်ခွင့်ရမည်.. ရှုံးသည့်သူ အသက်ဆုံးရှုံးရမည်....

Kris တစ်ယောက် Chanyeol ရဲ့ အခန်းထဲသို့ ဝင်လာပြီး ခုတင်ပေါ်သို့ အဝတ်အစားတစ်စုံကို ပစ်တင်လိုက်သည်။

" ထတော့ " Kris က အမိန့်ပေးလိုက်သည်။ "လေ့ကျင့်တာ စတော့မယ်.."

Kris ရဲ့ ရင်းနှီးနေပြီဖြစ်သော အသံကို ကြားလိုက်ရသဖြင့် Chanyeol တစ်ယောက် အိပ်နေရာမှ မျက်စိကို ဖြတ်ခနဲ ဖွင့်ကာ ငေါက်ခနဲထလိုက်သည်။ ထို့နောက် မတ်တပ်ထရပ် လိုက်ကာ အဝတ်လဲရန်အတွက် အိပ်ခန်းထဲမှ Kris ထွက်သွားသည်အထိ စောင့်နေလိုက်သည်။ Kris ထွက်သွားပြီးတော့မှ ခုတင်ပေါ်တွင် တင်ထားသော သူ့မျက်လုံးထဲ၌ ဘဝတစ်လျှောက်လုံးတွင် အကျဉ်းတန်ဆုံးဟု မြင်သည့် အဝတ်အစားတွေကို လဲဝတ်ပြင်ဆင်ပြီး အိမ်အောက်ထပ်သို့ ဆင်းလာခဲ့သည်။

အောက်ထပ်သို့ရောက်သောအခါ ဧည့်ခန်းထဲက နှစ်ယောက်ထိုင်ဆိုဖာပေါ်တွင် မျက်စိမှိတ်ကာ လှဲလျောင်း နေသော Kris ကို မြင်လိုက်ရသည်။

"အိပ်နေတာလား??? ငါအဝတ်လဲတာ ဒီလောက်တောင် ကြာသွားတယ်လား?"

Chanyeol တစ်ယောက် တွေးရင်း ဆိုဖာနားသို့ တစ်ဖြည်းဖြည်းချင်း တိုးကပ်သွားလေရဲ့... ထို့နောက် ဆိုဖာ ဘေးတွင် ဒူးထောက်ထိုင်လိုက်ပြီး အိပ်ပျော်နေသော Kris ရဲ့ ချောမောလှတဲ့မျက်နှာကို အနီးကပ်သေချာ စူးစိုက်ကြည့်နေမိ၏။ Chanyeol ရဲ့ အကြည့်တွေက ပြေပြစ်ကာပုံစံကျနလှသော နဖူးပြင်မှ စင်းကျနေသော နှာတံ ချွန်ချွန်တစ်လျှောက်.. ထိုမှတစ်ဆင့် ပန်းသွေးရောင်ကြွနေသော နှုတ်ခမ်းအစုံ သို့ မျက်နှာတစ်လျှောက် စီးမျောလိုက်ပါသွားလေသည်။

" ဒီလိုလူမျိုးက ဘာလို့များ လူတွေကိုသတ်နေရတာလဲ?? ဘာလို့ ငါ့အဖေကို သတ်ရတာလဲ???" Chanyeol တစ်ယောက် တွေးလိုက်လေသည်။

But I Hate YouWhere stories live. Discover now