Fairytales

1.9K 249 18
                                        

zawgyi

Chanyeol တစ်ယောက် ဆေးရုံကော်ရစ်တာလမ်းမတစ်လျှောက် ဆရာဝန်များ၊ လူနာများ၊ သူနာပြုများကြားမှ အတင်းတိုးဝေ့၍ အရူးတစ်ပိုင်း ပြေးလွှားနေမိသည်။ ရင်ဘက်ထဲတွင် တစ်ဆို့မောပန်းနေသော်လည်း ပြေးလွှားနေသည့် ခြေလှမ်းများ၏ အရှိန်ကို မလျှော့ခဲ့ပါ။ ပို၍ပို၍သာလျှင် လျင်မြန်နိုင်ဖို့ ကြိုးစားရင်း Kris ကိုထားထားသော လူနာခန်းကို ရှာဖွေနေမိသည်။

ထိုအခန်းရှေ့သို့ ရောက်သွားသည့်အခါတွင်တော့ အခန်းထဲမှ ထွက်လာသော ဆရာဝန်တစ်ဦးနှင့် သွားဆုံမိလေသည်။ ဆရာဝန်၏ မျက်နှာကို အကဲခတ်ကြည့်မိသော်လည်း အခြေနေက အကောင်းဘက်လား အဆိုးဘက်လား မခန့်မှန်းတတ်။ စိတ်အားတင်း၍သာ ဆရာဝန်ထံမှ သတင်းစကားကိုသာ စောင့်မျှော်နေမိလေသည်။

"ဆ..ဆရာ.. သူ.." သူ့နှုတ်ခမ်းက စကားလုံးတွေက အထစ်အထစ်ဖြင့် ထွက်ကျလာသည်။ ကျစ်ကျစ်ပါအောင် ဆုတ်ထားသော လက်ဖဝါးတွေက အေးစက်နေပြီး ချွေးဇောများတစ်ကိုယ်လုံးပြန်နေလေသည်။ ဆရာဝန်ထံမှ အဖြေကို သူ သိလည်းသိချင်သည်၊ မသိလည်း မသိချင်။ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် သူ့ရှေ့က ဆရာဝန်၏ မျက်နှာကိုသာ အားကိုးတကြီး ငေးကြည့်နေမိသည်။

"ခုထိတော့ သူ သတိမရသေးဘူး.. သွားဝင်ကြည့်လိုက်လေ" ဆရာဝန်ရဲ့ အသံက သိပ်တော့အားမရှိလှ။

***************************

လူနာခန်းထဲသို့ ဝင်လိုက်သည်နှင့် ပိုးသတ်ဆေးနံ့က ထောင်းခနဲ အနံ့ခံအာရုံထဲသို့ ဝင်ရောက်လာလေသည်။ Chanyeol တစ်ယောက် စိတ်ကိုတင်းကာ ခုတင်ပေါ်တွင် ပိုက်တန်းလန်းပေါင်းစုံဖြင့် မလှုပ်မယှက်လဲလျောင်းနေသော Kris နားသို့ တဖြည်းဖြည်း မဝံ့မရဲ တိုးကပ်လာခဲ့လေသည်။ ပြင်ပမှ သွေးအကူအညီရော အောက်ဆီဂျင်အကူအညီပါ ယူကာ ခက်ခက်ခဲခဲအသက်ရှင်သန်နေရသည့် သူ့ချစ်သူကို သူ မကြည့်ရက်။ ခုတင်ဘေးရှိ မော်နီတာမှ ထွက်ပေါ်နေသော တတီတီအသံလေးက သူ့ချစ်သူ အသက်ရှင်နေသေးကြောင်း အချက်ပေးနေလေသည်။ ထို တတီတီမြည်သံလေးနှင့်အတူ သူ့နှလုံးသားမှ တဒိန်းဒိန်းမြည်ဟည်းသံတို့က သံစဉ်ညီညာနေခဲ့သည်။

But I Hate YouWhere stories live. Discover now