Struck

4.8K 335 11
                                    

zawgyi

Chanyeol တစ်ယောက် Dr. Choi ၏ ရုံးခန်းတံခါးရှေ့တွင် ရပ်ရင်း သက်ပြင်းချလိုက်မိသည်။ အထဲကိုဝင်လိုက်သည့်နှင့် မည်သည့်အရာတွေက စောင့်ကြိုနေမည်လဲ သူလည်း မစဉ်းစားတတ်။ မီးစင်ကြည့်က ရုံသာရှိလေသည်။ သို့သော် မည်သို့သောအရာမျိုးက ဆီးကြိုနေပါစေ ဘာမဆိုရင်ဆိုင်ရန် သူ အသင့်ရှိပေ၏။ သူ ကြံ့ခိုင်မှရမည်။ သူကိုယ်တိုင်နှင့် Kris အတွက် ကြံ့ကြံ့ခံနိုင်မှဖြစ်မည်။

သူမာန်တင်းကာ တံခါးကို ဆွဲဖွင့်လိုက်လေသည်။ အခန်းထဲမှ မကောင်းဆိုးရွားဆန်သော အပြုံးနှင့် ထိုသူက ဆီးကြိုလျက်။

"မင်းကို မတွေ့ရတာတောင် ကြာနေပြီ Chanyeol"

ဒီလူက တကယ့်ကို မကောင်းဆိုးရွားပဲ

****************************

နှစ်ပတ်တောင်ရှိသွားပြီ

တစ်ကမ္ဘာလောက်ကြာတဲ့ ဒီဆယ့်လေးရက်

ခုချိန်ထိ Chanyeol ရဲ့အရိပ်အယောင်လေးတောင် သူ မမြင်ရသေး

ဘာစာသတင်းမှလည်း ရောက်မလာခဲ့

ဘာဆိုဘာမှ....

ဒီနှစ်ပတ်အတွင်း နေ့ရက်တစ်ရက်စီကို ဖြတ်ကျော်တိုင်း သူ့နှလုံးသား၌ အက်ကွဲရာတစ်ခုစီ ဖြစ်ပေါ်လာခဲ့သည်။ Park Chanyeol ဆိုတဲ့ ထိုသူလေး မရှိတိုင်း သူ့အတွက် အရာရာက သက်ဝင်လှုပ်ရှားမှုမရှိခဲ့။ ညီညာဖြူဖွေးနေသော သွားလေးတွေပေါ်အောင်ထိ ပြုံးတတ်သော ထိုသူလေးရဲ့ တောက်ပသောအပြုံးလေးတွေ... နွေးထွေးချိုမြိန်သော ထိုသူလေးရဲ့ အနမ်းလေးတွေ... ထိုအရာလေးတွေမရှိတဲ့ သူ့ရဲ့နေ့ရက်တွေဟာ အဓိပ္ပာယ်ကင်းမဲ့နေလေ၏။ ရင်ဘတ်ထဲ၌ နှလုံးသားကြီးတစ်ခုလုံး ပျောက်ဆုံးသွားသလို လစ်ဟာနေလေ၏။ Chanyeol သူ့ကို သက်သက် ရှောင်ဖယ်နေသည်လား ဟူသည့်အတွေးဝင်လာတိုင်း အရာရာက ရေခဲတမျှအေးစက်သွားလေ၏။

သက်သက်ရှောင်ဖယ်နေတာမဟုတ်ရင်ကော? ခု သူဘယ်များ ရောက်နေလဲ?

ဘာလို့ ဖုန်းဆက်တိုင်းလည်း မကိုင်ရတာလဲ?

ဘာလို့ သူ့ရင်ခွင်ဆီကို ပြန်မလာရတာလဲ?

အင်အားချိနဲ့စွာဖြင့် နှစ်ယောက်ထိုင်ဆိုဖာပေါ်တွင် ပစ်လှဲအိပ်ချလိုက်ပြီး သူ တစိမ့်စိမ့်တွေးနေမိသည်။ သူ့နှလုံးသားမှ ကြေကွဲခြင်း၊ လစ်ဟာခြင်း နှင့် ယမကာတို့ ရောစပ်နေသည့် သွေးမျက်ရည်တို့ တစိမ့်စိမ့်စီးဆင်းလျက်။ Chanyeol ဘာမှမဖြစ်လောက်ပါဘူး။ ဟုတ်တယ်.. သေချာတယ်.. ဘာမှမဖြစ်ဘူး။ တကယ်တော့ လွန့်ခဲ့တဲ့ ရက်ပိုင်းကပဲ သူ Chanyeol ကို မြင်ခဲ့လိုက်ရသည်လေ။ သို့ပေမယ့် Chanyeol ကတော့ သူ့ကို မမြင်ချင်ယောင်ဆောင်ပြီး ထွက်သွားခဲ့သည်။

But I Hate YouWhere stories live. Discover now