(၁၅)

3.3K 297 6
                                    

"ငယ်လေးနဲ့ နင် ဘယ်လိုသိတာလဲ..."

ညနေဆည်းဆာအောက်က ကန်ဘောင်ထက် နှစ်ယောက်သား အေးအေးလူလူထိုင်နေရင်း ရုတ်တရက် ယမင်းအမေးကြောင့် နို့သကြားလုံးပျော့ပျော့လေးအား တလှုပ်လှုပ်ဝါးနေသည့် ဟန့်နှုတ်ခမ်းပါးတို့ တွန့်ခနဲ...။

"ဒီတိုင်း သူ့စာအုပ်ဆိုင်ကို မတော်တဆတွေ့ရင်း သိတာ..."

"ရုပ်ရှင်တွေတောင် အတူတူကြည့်တဲ့ထိ ရင်းနှီးကြတာပဲ..."

"အဟွတ်...အဲ့ဒါက ရုပ်ရှင်ရုံရှေ့မှာ တွေ့ဖြစ်ကြတာပါ....၊ အဲ့လောက် မရင်းနှီးဘူး...."

ယမင်းရှေ့ အိန္ဒြေမပျက်ဖို့ကို ဟန် မနည်းထိန်းချုပ်လိုက်ရ၏။ ယမင်း ဘယ်လိုသိသွားရတာလဲ...။

ကန်ရေပြင်ကို ဖြတ်တိုက်လာတဲ့ လေပြည်နုနုတို့က ခပ်မြင့်မြင့်စည်းနှောင်ထားသော ဟန့်ဆံနွယ်တွေအား ယမင်းပါးပြင်ဆီ တစ်ချက်တစ်ချက် ထိခတ်ကျီစယ်နေစေ၏။

နီးနီးကပ်ကပ်ကြည့်မိရင်လဲ ချောမြဲချောဆဲ မျက်နှာလေးကို ယမင်း ငေးစိုက်ကြည့်မိသည်....။ ဟန်နဲ့ပတ်သတ်တဲ့ ရင်ခုန်သံတွေ ပြောင်းလဲလာတာကို သိသည်...။

ဝန်ခံဖို့ကျ ယမင်း ကိုယ့်ကိုယ်ကို မသေချာမဝံ့ရဲခဲ့...။ ဆုံးရှုံးရမှာကြောက်တဲ့စိတ်ကို အချစ်လို့ ယမင်း အမည်မတပ်ချင်..။ ဟန်သည် ယမင်းဘောင်ခတ်ထားသော သူငယ်ချင်းစည်းအတွင်းမှာပဲ ရှိနေဆဲမို့...။ ဒါပေမယ့် အဲ့ဒါက တစ်စုံတစ်ယောက်က ယမင်းကို ဟန်နဲ့ငယ်လေးတို့ကို အတူတူတွဲတွေ့လိုက်တယ်လို့ မကြားရခင်အထိပင်...။

ဘာလို့ မြနဒီလှိုင်းပဲလဲ....။ ယမင်းပိုင်ဆိုင်သော အရာတွေအနားဆို ဘာလို့ သူက ရောက်ရောက်လာတာလဲ...။

ယမင်းဘဝမှာ တစ်စုံတစ်ယောက်ကိုပဲ ပိုင်ပိုင်နိုင်နိုင်လက်ဝယ် ပိုင်ဆိုင်ဖူး၏။ ငယ်ငယ်လေးကနေ ခုချိန်ထိ ထိုတစ်စုံတစ်ယောက်ကိုသာ ပိုင်ဆိုင်နေတုန်းဆိုပေမယ့် လက်လွှတ်လိုက်ရမလို ဖြစ်ခဲ့တဲ့အချိန်တုန်းက ယမင်း ဘယ်လောက်တုန်လှုပ်ခဲ့လဲ ကိုယ့်ကိုယ်ကိုသာ အသိဆုံး....။ ထိုအကြောက်တရားအား ယမင်း ထပ်မခံစားချင်တော့....။

မြသားငယ် ရေအယဥ်ဆီသို့....Where stories live. Discover now