(၃၆)

3.6K 314 5
                                    

မျက်စိရှေ့က ပြေးထွက်သွားတဲ့ ပုံရိပ်လေးအား မျက်စိတစ်ဆုံး တည်ငြိမ်စွာပဲ ကြည့်နေခဲ့၏။

ပါးပြင်ထက် အတောမသတ်နိုင်စွာ စီးဆင်းနေသည့်မျက်ရည်စတို့အား အံ့ဩမိစွာ ယမင်း ခပ်ကြမ်းကြမ်းပွတ်သုတ််မိသည်။

ဒီမျက်ရည်တွေက ဘာလို့ကျနေရတာလဲ...။

သူမကို နာကျင်အောင်ပြောပစ်ခဲ့တာ ယမင်းဖြစ်နေပါလျက် ယမင်းကပါ ဘာလို့နာနေရတာလဲ...။

သူမငိုတိုင်း ယမင်းနာကျင်ရသည်ပင်...။

ထိုခံစားချက်အား ယမင်းသိပ်မုန်း၏။

ငယ်ငယ်က သူမကိုမစောင့်ရှောက်လို့ သူမအနာတရဖြစ်လာတိုင်း ယမင်းအရိုက်ခံရသည်။ ယမင်းအရိုက်ခံရတိုင်း သူမလေးကို ပြန်နာကျင်အောင်လုပ်မိပေမယ့် ယမင်းကြောင့် သူမလေး ငိုတိုင်း ယမင်းနှလုံးသားကလဲနာသည်။

ထိုသို့နာကျင်တိုင်း သူမကိုမုန်းသည်...။

သူမကြောင့် ယမင်းအတန်းချိန်တွေ နောက်ကျရသည်ကို မုန်းသည်။

သူမကြောင့် ယမင်းသူငယ်ချင်းတွေနဲ့ စိတ်လွတ်ကိုယ်လွတ် မကစားရသည်ကို မုန်းသည်။

အားနည်းချူချာလွန်းပြီး သူများအနိုင်ကျင့်သမျှခံသော သူမကိုမုန်းသည်။

သူမနဲ့ ကစားလို့ထိခိုက်မိတိုင်း ယမင်းအရိုက်ခံရသည်ကို မုန်းသည်။

သူမကြောင့် ဖေဖေနဲ့မေမေရန်ဖြစ်သည်ကိုလဲမုန်းသည်။

သူမကြောင့် ယမင်းကို ဖေဖေအချိန်မပေးတာကိုလဲမုန်းသည်။

သူမကြောင့် မေမေ ဂရုမစိုက်တာကိုလဲမုန်းသည်။

သူမကြောင့် ယမင်းအလုပ်မှာ အထင်မြင်သေးခံရသည်ကို မုန်းသည်။

မြနဒီလှိုင်းဆိုသည့် သူမနဲ့ပတ်သတ်သမျှအရာတိုင်းအား ယမင်းမုန်းပါ၏။

"ယမင်း...ဒီမှာဘာလုပ်နေတာလဲ..."

"ဟန်!..."

ကျုံ့ကျုံ့လေးထိုင်ငိုနေရာမှ ငုံ့မိုးကြည့်လာတဲ့ ဟန့်ကိုမြင်တာနဲ့ ယမင်းမျက်ရည်တွေက ပိုအားကောင်းလာ၏။ မှီတွယ်စရာရင်ခွင်ကျယ်ဆီအားကိုးတကြီး ဖက်တွယ်မိရင်း...

မြသားငယ် ရေအယဥ်ဆီသို့....Where stories live. Discover now