(၁၇)

3.2K 284 8
                                    

"ဘာလို့လဲ...ဘာလို့လဲ ဟန်...."

"မင်း အဲ့ဒါကို မြင်ပြီးပြီမလား...."

ဟန့်မျက်ဝန်းတွေက တစ်ခုခုကို သေချာပိုင်နိုင်စွာ...။ အေးစက်ပြတ်သားသော မျက်ဝန်းတွေကို မီးငယ် ရင်မဆိုင်နိုင်စွာ နောက်ဆုတ်လိုက်သည်။

ဒုန်းး...။

"အင့်..."

ထိုင်ခုံသည် မီးငယ်၏ တိုးတိုက်မှုကြောင့် ပြိုလဲသွားပြီး ခါးက စားပွဲအစွန်းဆီ အရှိန်နဲ့တိုက်မိသည်။ ခန္ဓာကိုယ်က နာကျင်မှုကို လစ်လျူရှုနိုင်ပေမယ့် ကြင်နာမှုတွေ မရှိတော့တဲ့ ဟန့်ရဲ့မျက်ဝန်းတွေက ပေးတဲ့ ရင်ထဲကနာကျင်မှုကတော့ သွေးခဏတိတ်သွားတဲ့ ဒဏ်ရာကို နောက်တစ်ခါ ရက်ရက်စက်စက် ထပ်ဆွဲဖြဲလိုက်သည့်အလား...။

"ဟင့် ဟင့်အင်း....မီးငယ် မသိဘူး...."

အဆက်မပြတ်ကျဆင်းလာတဲ့ မျက်ရည်တွေနဲ့ မီးငယ် ခေါင်းကိုတွင်တွင်ယမ်းသည်။ နားကိုပိတ်ထားတဲ့ မီးငယ်လက်တွေကို ဟန်က ဆွဲယူကာ

"နားထောင်စမ်း ငယ်၊ မင်းသိသိ မသိသိ ငါပြောပြမယ်၊ အဲ့ညက အဲ့ပန်းချီကားကို ဘယ်လိုလုပ် မင်းတွေ့လဲ ငါမသိဘူး.....ဒါပေမယ့် အကုန်လုံးကို မင်းသိနေပြီဆိုတာတော့ ငါသိတယ်၊ ဟုတ်တယ်....ငါမင်းကို အစားထိုးခဲ့တာ...."

အစားထိုးခံရတာ....။ မီးငယ်ရဲ့ ကိုယ်ပိုင်ဖြစ်တည်မှုကို ဟန်က နည်းနည်းမှဂရုမစိုက်ဘူး....။မမနဲ့တူတဲ့ အရာတွေနဲ့ပဲ ဟန်က သာယာခဲ့တာ။

လိုက်ကာစတွေနောက်က ပြုံးပြနေခဲ့တဲ့ မမ...။ မျက်လုံးတွေ မှိတ်ထားတဲ့ မမက မီးငယ်နဲ့တူတယ်...။ မီးငယ် သိတာပေါ့....ဒါပေမယ့် မီးငယ် မသိချင်ဘူး။

မီးငယ် ခံနိုင်ရည်မရှိတဲ့ အမှန်တရားတွေ မသိချင်ဘူး...။

"ဘာလို့လဲ အင့်....ဘာလို့ မီးငယ်ကို အဲ့လိုလုပ်ရတာလဲ....၊ ရှင့်ကို မီးငယ်သိပ်ချစ်တာ....၊ မီးငယ်ကို ဘာလို့လုပ်ရက်ရတာလဲ"

မီးငယ်လဲ ကိုယ်ပိုင်ဖြစ်တည်မှုနဲ့ လူတစ်ယောက်လေ...။ မီးငယ်မှာ နာကျင်တတ်တဲ့ နှလုံးသားရှိနေတယ်။ အစားထိုးခံရအောင် မီးငယ်က စက်ရုပ်မဟုတ်ဘူး....ဒါကို ဟန် ဘာလို့ ဂရုမစိုက်ရသလဲ။

မြသားငယ် ရေအယဥ်ဆီသို့....Where stories live. Discover now