(၂၇)

3.4K 315 5
                                    

ကျောလယ်ထိ ရှည်နေပြီဖြစ်သော ဆံပင်ရှည်တို့အား ပခုံးရှေ့ဖက်ကို လက်ချောင်းလေးတွေနဲ့ ဆွဲယူလိုက်တော့ လက်ဖဝါးထက် ကပ်ပါလာသော ဆံခြည်မျှင်များက အထွေးလိုက်....။

မထူးဆန်းတော့သလို မီးငယ် ဖွဖွလေးပြုံးကာ လိုက်ကာစတွေကို ဖြုတ်ယူလျှော်ဖွတ်ဖို့ လုပ်နေသော ဒေါ်ဒေါ့်ကို အသာအယာလှည့်ကြည့်လိုက်သည်။

"ဒေါ်ဒေါ်..."

"မမလေး..."

"မီးငယ်ကို ဆံပင်ညှပ်ပေးနိုင်မလား..."

မီးငယ်ဆံပင်တွေကို ညင်သာစွာဆွဲယူရင်း ဒေါ်ဒေါ်သည် မှန်ထဲက မီးငယ်ပုံရိပ်ကိုကြည့်ကာ...

"မမလေးက ဆံပင်ရှည်တွေနဲ့လှတယ်...."

"မီးငယ်က မလှပါဘူး...."

မှန်ထဲက အရောင်အဆင်းကင်းမဲ့နေသော မျက်နှာအား ဒေါ်ဒေါ် ဘာကြောင့်လှတယ်ပြောမှန်း မီးငယ်နားမလည်...။

ဒေါ်ဒေါ်ကိုင်ထားတဲ့ ဆံပင်တွေကလဲ ကျွတ်ကျလွန်းလို့ ပါးလှပ်နေတာလေ...။ မျက်နှာဆိုလဲ ပေါင်ဒါမှုန့်တွေ ဖြူးထားသလိုမျိုး ဖြူဖွေးနေတာ...။

ဒီလောက်ရုပ်ဆိုးတာကို...။

မီးငယ်တွေးနေတာကို မကြားနိုင်တဲ့ ဒေါ်ဒေါ်က သူမလက်ချောင်းများနဲ့ပဲ မီးငယ်ဆံပင်တွေကို ညင်သာစွာ ဖြီးသင်ပေးသည်...။

ဒီမှာနေလာတဲ့တစ်လျှောက်လုံး မီးငယ်နဲ့ အနီးကပ်ဆုံးက ဒေါ်ဒေါ်ပဲဖြစ်၏။ သူ့ဘာသာ တိတ်တဆိတ်နဲ့ စကားနည်းပြီး လုပ်စရာရှိတာပဲ လုပ်နေတတ်ပေမယ့် မင်းသမီးလေး၏အခန်းထဲကို ဝင်ခွင့်ရှိသူက ဒေါ်ဒေါ်တစ်ယောက်သာ...။ ကျန်တဲ့လူများက မီးငယ် ခြံထဲ ခဏတဖြုတ်ဆင်းရင် တွေ့ရတတ်ပေမယ့် တွေ့လိုက်တိုင်း မီးငယ်ကို ဦးညွှတ်ရုံရှိကြကာ ဘယ်သူမှ အနားကပ်မလာကြ. .။ မီးငယ်ကလဲ လွယ်လင့်တကူ မရင်းနှီးတတ်သူမို့ အနီးကပ်ဆုံး ဒေါ်ဒေါ်ကပဲ အိပ်စက်နေတဲ့တိမ်ကလေးပြီးရင် မီးငယ် စကားအများဆုံးပြောတဲ့လူဖြစ်လာသည်...။

ဦးလေးကြီးက တစ်ပတ်တစ်ခါမှပြန်လာတတ်ပြီး ပြန်လာရင်လဲ သူမအခြေအနေကို ကြည့်ပြီးတာနဲ့ ပြန်သွားတာကများသည်။ တစ်ခါတလေတော့ ညအိပ်နေသွားတတ်ပြီး မီးငယ်နဲ့ သူမအကြောင်းတွေ စကားလက်ဆုံကျတတ်၏။

မြသားငယ် ရေအယဥ်ဆီသို့....Where stories live. Discover now