(၃၂)

3.7K 342 18
                                    

"မြနဒီလှိုင်း!...."

တစ်ချိန်လုံး ဒေါ်ခင်မမနောက်မှာ အောင်နိုင်သူအပြုံးနဲ့ ငြိမ်နေသော စန္ဒီက မြနဒီလှိုင်းဆိုသည့်အသံကြားမှ ရှေ့ထွက်လာသည်။

ခပ်လှလှကောင်မလေးတစ်ယောက် အပြေးဝင်လာတာတွေ့ပေမယ့် သူမလို့မထင်ခဲ့ခြင်းသာ....။

အရင်ကမြင်ဖူးခဲ့တဲ့ ဖြူဖတ်ဖြူလျော်နဲ့ သူမက အခုအသွင်အပြင်နဲ့ အတော်လေးကွဲပြားလို့နေ၏။

ဟွန်းး...အရင်က ယမင်းနဲ့ရုပ်ချင်းက အကုန်လုံးနီးပါးဆင်တူနေပေမယ့် ယမင်းမှာရှိတဲ့ ထက်မြက်ခြင်းနဲ့တောက်ပခြင်းတို့ကျ ဘာမှမပိုင်ဆိုင်...။ သို့ပေမယ့် အခုမျက်စိရှေ့မြင်နေရသည့်  သူမက ယမင်းထက်တောင် ပိုပြီးသန့်စင်ကြည်လင်နေသေး၏။

သူဌေးတစ်ယောက်ရဲ့ အငယ်အနှောင်းဘဝမှာ တော်တော်စိတ်ချမ်းသာနေပုံပဲ.....။

"အို့....အခု နင်က အသက်ကြီးကြီးသူဌေးတစ်ယောက်ရဲ့ ငါးယောက်မြောက် အငယ်အနှောင်းလေးမလား အဟင်းး..."

ဟင်....။

ငါးယောက်မြောက်...။

ဒေါ်ခင်မမရဲ့ ဒေါသဖုံးနေတဲ့ အသိစိတ်အား ဆဌမအာရုံက ပြင်းပြင်းထန်ထန် သတိပေးလာ၏။ လွန်ခဲ့သည့်နှစ်တွေက သတင်းစာ၊ မဂ္ဂဇင်းတွေထက်မှာ ပလူပျံနေခဲ့တဲ့ H Group CEOရဲ့ ငါးယောက်မြောက် မိန်းကလေးလား....။

မီးငယ်မျက်ဝန်းလေးတွေစူးခနဲ...။

သူမ....မမရဲ့သူငယ်ချင်းပဲ။

အထင်မြင်သေးသည့်အကြည့်များနဲ့ ခပ်မဲ့မဲ့လှောင်ပြုံးကြောင့် မီးငယ်မျက်နှာလေးက ပိုမိုဖျော့တော့သွားလျက်...။

သူမက မီးငယ်တစ်ကိုယ်လုံးကို ရွံရှာသလို အစုန်အဆန်ကြည့်၍ ထပ်ပြောပြန်သည်...။

"မင်းက အငယ်အနှောင်းလုပ်ရတာတော့ ဝါသနာပါပုံပဲနော်....၊ နှင်းဆီဟန်သွင်ရဲ့ အစားထိုးအငယ်နှောင်းလေးလဲ လုပ်ခဲ့သေးတယ်မလား...၊ ကိုယ့်အစ်မရဲ့ရည်းစားကိုတောင်နော် ဟွန်းး....စည်းမရှိလိုက်ပုံများ...."

ဖြန်းး...။

"နင်...."

"စကားကိုလူလိုပြောဖို့ နင့်မိဘတွေက မသင်ပေးခဲ့ဘူးထင်လို့...."

မြသားငယ် ရေအယဥ်ဆီသို့....Where stories live. Discover now