အပိုင်း-၃
××××××
'' ဟာ!,,,,, သား မလုပ်ချင်ဘူးဆို,,''
'' မရဘူး,,,,yunho မင်း လုပ်ရမှာပဲ မငြင်းနဲ့,,,''
'' ကျောင်းပိတ်ရက် သူငယ်ချင်းတွေနဲ့ ခရီးထွက်မလို့ စီစဉ်ထားပါတယ်ဆို,,,''
ကျွန်တော့် စကားကြောင့် မေမေက ကျွန်တော် ညက ဒီအတိုင်းပုံချွတ်ထားသည့် ကြမ်းပြင်ပေါ်မှ အင်္ကျီကို ကောက်သိမ်းရင်း အခန်းထဲ ထိုင်ခုံတွင်ထိုင်နေသော ကျွန်တော့်ဘက်ကို လှည့်ကြည့်ကာ
'' အိုး!!!!,,, မင်း ကို မလွှတ်နိုင်ပါဘူး,,, ''
'' ဟာ!!!! မေမေ, ,,''
မျက်လုံးပြူးပြီး ပြောလိုက်သော မေမေစကားကြောင့် ကျွန်တော် စိတ်ပျက်စွာအော်နေမိသည်၊၊ မေမေက အဝတ်ကို ဘီရိုထဲ သေချာထည့်နေရင်း
'' အခုတောင်မင်းကို မနိုင်တာ မျက်စိကွယ်ရာသာ လွှတ်ရင် ဖမ်းတောင်မိမှာမဟုတ်ဘူး,,,''
ကျွန်တော် ထိုင်နေရာမှ ထရပ်လိုက်ပြီး မေမေဆီသွားကာ မေမေနောက်ကျောမှ ခါးကိုဖက်ကာ
'' နော်ပါမေမေရယ်,,,နော်နော်,,, သား ခရီးထွက်ချင်လို့ပါ မေမေရယ်,,''
'' တော်တော့ yunho, ,,,''
မေမေက ကျွန်တော် ဖက်ထားသည့်လက်ကို ဖယ်ကာ ကျွန်တော့်ကို ကြည့်ပြီး
'' မေမေ သားကို ဒီထက်တော့ ပိုပြီးအလိုမလိုက်နိုင်ဘူး,,, သား ဖေဖေအတွက် သားဒီလောက်တော့ လုပ်ပေး ရမှာပေါ့,,''
ကျွန်တော် ဘာမှမပြောပဲ ကုတင်ပေါ်တက်ကာ လှဲလိုက်ပြီး နုတ်ခမ်းကို ဆူထားလိုက်သည်၊၊ မေမေပြောတာကို ကျွန်တော် လက်မခံချင်ပါ၊၊ ဘယ်နဲ့ ကျွန်တော်က ဘိုးဘွားရိပ်သာ တစ်ခုမှာ တစ်ပါတ်တိတိ ကူညီရမယ်တဲ့၊၊ ဘယ်လိုမှ မဖြစ်နိုငိ၊၊ ကျွန်တော့် ရဲ့ ဆူမူနေသည့် မျက်နှာကို မေမေက ကြည့်ပြီး သက်ပြင်း တစ်ချက်ချကာ ကျွန်တော့် ကုတင်စွန်းတွင် လာထိုင်ပြီး ကျွန်တော့် ဆံပင်များကို လက်ဖြင့် ကြင်နာစွာ ပွတ်သပ်နေသည်၊၊
'' ဖေဖေက အခုတလော ဆန္ဒပြမူတွေကြောင့် နည်းနည်း စိတ်ရှုပ်နေတယ်,,,, ဒါကိုမှ သားက သူတို့ တောင်းဆိုတာကို မလုပ်ပေးရင် သားဖေဖေ အတွက် အကျပ်အတည်းဖြစ်သွားလိမ့်မယ်,,,''
