အပိုင်း-၉
××××××
'' ကားရပ်လိုက်,,, ငါမောင်းမယ်,,''
'' ဟမ်,,,''
သူ့စကားကြောင့် ကျွန်တော် ကားမောင်းနေရင်း သူ့ကို ကြည့်လိုက်သည်,,, သူက ကျွန်တော့် ကို ကြည့်ကာ
'' ငါ မောင်းမယ်လို့,,''
'' အခုက ငါတာဝန်ချိန်ကြီး,,''
ဟုတ်သည်,, အခုက ကျွန်တော် သူ့ကို ကျောင်းလိုကိပို့ရမည့် တာဝန်ချိန်မို့လား,, ကျွန်တော် ထုံးစံအတိုင်း အိမ်ပြာတော်ကနေ သူ့ကို ကြိုပြီး ကျောင်းလိုက်ပို့ပေးရမည်မို့လား,, ကျွန်တော် စကားကြောင့် သူက မျက်နှာကို တည်ထားပြီး
'' ငါမောင်းပါမယ်ဆို,,, ကိုယ့်ချစ်သူ မောင်းတာကို ထိုင်စီးတဲ့ ကောင်လေးဆိုတာ ရှိလို့လား,,''
သူ့ရဲ့ စကားကြောင့် ကျွန်တော် ရင်ထဲ ကြည်နူးသည့်ခံစားမူများ ခံစားရပြီး တစ်ချက်ပြုံးလိုက်ကာ ကားကို လမ်းဘေးရပ်ပြီး ကားတခါးဖွင့်ဆင်းမည် ပြင်လိုက်စဉ်,,, သူက ထိုင်ခုံမှ ထာလာပြီး ကျွန်တော် ထိုင်နေသည့် ဘက်ကုန်းရွေ့လာပြီး
'' ဒီတိုင်းပဲ ရွေ့မယ်,,, ကားပေါ်က ဆင်းမှ ရုံးကလူတွေမြင်ကုန်မယ်,,''
ကျွန်တော်လည်း သူ့စကားကြောင့် ကားတခါးကို ကိုင်သည့်လက်ကို လွှတ်ကာ,,, ထိုင်ခုံမှ ထိုင်လျှက်ရွေ့ရန်ပြင်လိုကိသည်,,,ဒါပေမယ့်,, ကျွန်တော် သွားမည့် လမ်းကို သူ့ကိုယ်ကြီးဖြင့် မလွတ်မလပ်လုပ်နေသလိုဖြစ်နေတော့ ကျွန်တော် သူ့ရင်ဘက်ကို တွန်းကာ ကျွန်တော့်ပေါ်အုံးမိုးနေသည့် သူ့ ရင်ခွင်မှ လွတ်အောင် ကြိုးစားနေရသည်,,
'' ya, ,, yunho ဘယ်လိုလုပ်နေတာလဲ ဖယ်,,''
ကျွန်တော် သူ့ရင်ဘက်ကို တွန်းပြီး ထွက်မည်အပြု သူက ကျွန်တော့် ခါးနားလက်ထောက်ပြီး ကျွန်တော့် နုတ်ခမ်းကို နမ်းလိုက်သည်,, ရုတ်တရက် သူ့အပြုအမူနှင့် ကားထိုင်ခုံတွင် ထိုင်နေသည့် ကားရှေ့ခန်းကျဉ်းကျဉ်းလေးတွင် ကျွန်တော်က သူ့ရင်ခွင်ထဲ ပိတ်မိနေပြီး ကျွန်တော် တွန်းဖယ်နေသည့် သူ့ရင်ဘက်တောင် ကျွန်တော့် လက်ကို ဖိညှပ်ထားသည်လေ, ,, ကျွန်တော် ရုန်းကန်ရန်ကြိုးစားနေမိသည့်ကြားက သူ့ရဲ့ ချိုမြိန်သည့် သူ့နုတ်ခမ်းရဲ့ နွေးထွေးသည့် အနမ်းက ကျွန်တော့် ရင်ခုန်သံတွေကို ပို၍ကျယ်လောင်လာစေသည်,,, သူ့ရဲ့ ဝင်လေထွက်လေက သူ့အသက်ရှုသံနှင့်အတူ ကျွန်တော့် ပါးပြင်နား တိုက်ခတ်ဆော့စကားနေသည်က ကျွန်တော့် ရင်ကိုပါ အေးချမ်းစေသည်,, သူ့ရင်ခွင်ထဲ ရောက်နေသည်ဆိုသည့် အသိက မနက်ခင်းနေရောင်ထက်ပင် ကျွန်တော့် နှလုံးသားကို ပိုပြီး လှပစေသည်လေ, ,,,နောက်ဆုံးတော့ ရုန်းကန်ခြင်းမပြုတော့ပဲ,, ကျွန်တော် ရင်ခုန်လှိုက်မောစွာဖြင့် သူ့အနမ်းကို ငြိမ်သက်စွာလက်ခံလိုက်သည်,,, ရုန်းလို့မှလဲမရပဲ,,, ဒီကားကျဉ်းကျဉ်းလေးထဲမှာ,,, အတင်းရုန်းရင်လည်း သူပဲ နာကျင်မှာမို့လား,,, အချိန်ခဏကြာတော့ ကျွန်တော်တို့ နှစ်ယောက်လုံး အသက်ရှုဖို့ လိုအပ်နေသည်ဆိုတာကို သိမှ နမ်းနေရာမှ တစ်ဖြေးဖြေးရပ်ကာ ကျွန်တော် ဘေးသို့ ရွေ့ထိုငိလိုက်သည်,,, ကျွန်တေိာ ဘာရယ်ကြောင့် မသိ သူ့မျက်နှာကို မကြည့်ရဲပဲ,, ဆိုစွတ်နေသည့် ကျွန်တော့် ရဲ့ နုတ်ခမ်းကိုလက်ဖမိုးဖြင့် ဖိကာ,,,
![](https://img.wattpad.com/cover/38898645-288-k705958.jpg)