အပိုင်း-၎
××××××
မှန်မှာ မြင်နေရသည့် ကျွန်တော့် ပုံရိပ်ကို ကြည့်ပြီး ကျွန်တော် ကျေနပ်နေမိသည်၊၊ ကြည့်စမ်းပါဦး ကျွန်တော် ဘယ်လောက်ကြည့်ကောင်းလဲ၊၊ အညိုရောင် ဘောင်းဘီနှင့် ရှပ်အင်္ကျီအဖြူကို ဘောင်းဘီအပြင်ထုတ်ထားပြီး အပေါ်အင်္ကျီနက်ပြာရောင်ကုတ်ကို ကျယ်သီးမတပ်ပဲ ထားကာ ကျောပိုးအိတ်ကို ပုခုံးတစ်ဖက်ပေါ်တွင် လွယ်လိုက်သည်နှင့် ကျွန်တော့် ပုံစံက အရမ်းကြည့်ကောင်းနေပြီမို့လား၊၊ ကျွန်တော့်ရဲ့ 6ပေလောက်ရှိသည့် အရပ်အမောင်းနှင့် ကျောင်းသားဝတ်စုံက အပိုအလိုမရှိ လိုက်ဖက်လှသည်၊၊ ပြီးတော့ နဖူးပေါ်ခပ်ဝဲဝဲကျနေသည့် ဆံပင်အညိုရောင်က ကျွမ်တော့် မျက်နှာကိုအမြဲနုပျိုစေသလို၊၊ F4 ထဲက ဂူဂျွန်ဖြိုးလောက်ကတော့ jung yunho လောက်ကတော့ သနားတယ်၊၊ ကျွန်တော် ကိုယ့်ကိုကိုယ် ကြည့်ပြီး ကျေနပ်ကာ အိမ်အောက်ထပ်သို့ ဆင်းလာသည်၊၊
အရင်က အခုလို မနက်ခင်းကျောင်းသွားချိန်ဆို ကျွန်တော့် အတွက် အမုန်းဆုံးအချိန်ဆိုပေမယ့် အခုတော့ ကျွန်တော့်အတွက် မနက်ခင်းကျောင်းသွားချိန်က ရင်ခုန်ကြည်နူးရဆုံးပင်၊၊ ကျွန်တော် အိမ်အောက်ထပ် လှေကားမှ ဆင်းကာ လှေကားအအောက်ခြေအဆုံးကို ရင်ခုန်စွာ ကြည့်လိုက်တော့ ၊၊ ဟင်!,,,, မရှိနေပါလား၊၊ အရင်ဆို အမြဲဒီနေရာမှာစောင့်နေကျကို၊၊ ကျွန်တော် စိတ်ထဲ အလိုမကျစွာ ခံစားရကာ လှေကားအတိုင်းဆင်းလာတော့သည်၊၊ ဧည့်ခန်းသို့ အရောက် ဖေဖေတို့နှင့် အတူစကားပြောနေသော သူ့ကို တွေ့မှ စိတ်ထဲ ကျေနပ်သွားသည်၊၊ ကြည့်စမ်းပါဦးနော်၊၊ ဘယ်လောက်တောင် မနက်ခင်းကို လှပသည့် သူ့မျက်ဝန်းလဲ၊၊ စားပွဲထိပ်ထိုင်ခုံတွင် ထိုင်နေသော ဖေဖေကို ကြည့်နေရင်း မျက်နှာချင်းဆိုင်မှ ကျွန်တော် ဝင်လာသည်ကို မြင်တော့ ကျွန်တော့်ကို လှမ်းကြည့်လိုက်သည်၊၊ အဲ့ မျက်ဝန်းလေးကို သိမ်းထားချင်ရဲ့၊၊ မတော်တဆ သူပြုံးလိုက်ရင်တော့ အဲ့ဒီ့နေ့ဟာ ကျွန်တော်အတွက် အရာရာပြည့်စုံသွားသလို၊၊ ကျွန်တော် သူ့ကို ရင်ခုန်နေမိပြီ ထင်ပါရဲ့၊၊ ကျွန်တော့်ကို အမြင်မကြည်၊ အထင်မကြီး၊ မယုံကြည်တဲ့ အဲ့ဒီ့ kim jaejoong ဆိုတဲ့ စိတ်ကြီးတဲ့ လူကို ချစ်မိနေပြီထင်ပါရဲ့၊၊
