ကျွန်တော် အရှေ့က ကားကို မျက်ခြေမပျက်ကြည့်ရင်း ကားများကို သေချာဂရုစိုက်မောင်းနေရသည် ၊၊ အရှေ့က အဖြူရောင် ပြိုင်ကားလေးကတော့ ကျွန်တော်တို့ လိုက်လာသည်ကို သတိထားမိလား မထားမိဘူးလား ကျွန်တော် မသိတော့ ၊၊ ကားလမ်းထက်တွင် မောင်းနှင်နေသော ကားများကို ဂရုစိုက်စွာ ရှောင်ရှားနေရသည် ၊၊
'' မြန်မြန်မောင်းပါ ,,,, ဟာ,,, ဟာ,,,, ဟိုမှာ ကွေ့သွားပြီ ,,, မြန်မြန်,,, မြန်မြန်,,,''
ဘေးတွင် ပါလာသည့် yoochun ရဲ့ အဆက်မပျက်စကားသံတွေက တစ်ချက်တစ်ချက် ကားမောင်းနေသည့် ကျွန်တော့်ကို စိတ်ရှုပ်ထွေးစေသည် ၊၊
'' မြန်မြန်မောင်းပါ hyung ရ, ,,,,''
ကျွန်တော် အနည်းငယ်မျှ ပွင့်ထွက်ချင်သည့် ဒေါသကို တံတွေးနှင့်အတူ လည်ချောင်းမှ တစ်ဆင့် မြိုချလိုက်သည် ၊၊ တော်ပါပြီ ၊၊ ဒေါသထွက်နေလည်း အပိုပါပဲ ၊၊ လျှာရှည်ပြီး ဒီကလေးနောက်လိုက်ခဲ့မိတာကိုက ကျွန်တော့် အမှား ၊၊ ကိုယ့်ချစ်သူရဲ့ အထက်တန်းပြီးသည့်နေကိုတောင် ကောင်းကောင်းဂုဏ်မပြုပေးနိုင်ပဲ သူများအတွဲကို အောင်သွယ် လုပ်ပေးချင်မိတာ ကျွန်တော့် အမှားပင် ဖြစ်သည် ၊၊ ဒီနေ့မနက်ပိုင်း yunho တို့ အထက်တန်းစာမေးပွဲပြီး၍ ကျွန်တော် yunho နားရှိနေစဉ်ပင် yoochun ရဲ့ ကူညီပါဦး hyung ဆိုသည့် စကားကို စတင်နားထောင်းမိတာ ကျွန်တော့် အမှားပင် ၊၊ insung hyung အိမ်ထောင်ဖက် တွေ့မလို့ ဆိုသည့် yoochun စကားက ကျွန်တော့် သိချင်စိတ်ကို ပိုပြီး နိုးဆွပေးလိုက်သည် ထင်သည် ၊၊ ပြီးတော့ insung hyung ကို ငြိတွယ်နေမိသော yoochun ရဲ့ မျက်ဝန်းကို ကျွန်တော် ဘာသာပြန်တတ်နေတာလည်း ဆိုးဝါးသည် ဆိုရမလား ၊၊ yoochun ရဲ့ ကျွန်တော်တို့ လိုက်ချောင်းရအောင်ဆိုသည့် စိုးရိမ်ခြင်းတွေ ကပ်ငြိနေသော စကားကို ကျွန်တော် ခေါင်းငြိမ့်လက်ခံမိတာ မိုက်မဲခြင်းလား ၊၊ အခုတော့ ည တွေ့ဖို့ စီစဉ်ထားတယ်ဆိုသည့် yunho တောင်းဆိုချက်ကို ကျွန်တော် ငြင်းပယ်ခဲ့မိသည် ၊၊ ညနေ့ခင်းတည်းက ကျွန်တော်နှင့် yoochun, ,, insung hyung နောက်ကို နောက်ယောင်ခံလိုက်နေသည်မှာ အခု ည ၇နာရီထိုးသည်အထိ နောက်ယောင်ခံလိုက်နေရဆဲ ၊၊ yoochun ပြောသလို အိမ်ထောင်ဖက်နှင့် သွားတွေ့သည်ဆိုသည့် စကားကို မယုံကြည်မိပေမယ့် တကယ်ပဲ hyung အိမ်ထောင်ဖက်တွေ့နေသည်ထင် ၊၊ တိတ်ဆိတ်သည့် စားသောက်ဆိုင်အတွင်းတွင် ချောမောလှပသည့် မိန်းမတစ်ဦးနှင့် hyung စကားပြောနေသည်မှာတောင် အချိန် တစ်နာရီမက ကြာမြင့်ခဲ့သည် ၊၊ ဦးထုပ်တွေ ၊ မာဖလာတွေ ၊ နေကာမျက်မှန်မည်းမည်းကြီးတွေနှင့် ရုပ်ဖျက်ထားသည့် ကျွန်တော်နှင့် yoochun ကို hyung ကတော့ သတိမထားမိခဲ့ချေ ၊၊ ဒါမှမဟုတ် hyung ဘာမှကို မမြင်တော့တာလား ၊၊ အိမ်ထောင်ဖက်တွေ့မည့် အကြောင်းကို hyung ဆီက ကျွန်တော် တစ်ခါမှ မကြားခဲ့ဖူးချေ ၊၊ မျက်စိရှေ့သာ ထိုမိန်းမနှင့် ပြုံးပျော်နေသည့် hyung အပြုံးကို မမြင်မိပါက ကျွန်တော် yoochun စကားကို လုံးဝ ယုံကြည်လိုက်မည် မထင်ပါ ၊၊ အင်းလေ ၊၊ hyung လည်း အိမ်ထောင်ပြုသင့်သည့် အရွယ်ပဲလေ ၊၊ အိမ်ထောင်ဖက်ကို hyung တွေ့ရမှာပေါ့ ၊၊
