part- 7

7.4K 433 1
                                    

အပိုင်း- ၇

×××××××

'' ဘာစားမလဲ တစ်ခုခုမှာလေ' ''

ကျွန်တော့်စကားကြောင့် သူက ကျွန်တော့်ကို တစ်ချက်ကြည့်ကာ ခေါင်းခါပြီး

'' တော်ပြီ မစားတော့ဘူး''

'' စားပါ,, မှာလိုက်မယ်နော်''

ကျွန်တော် ပြောပြီး စားပွဲထိုးကို ရေခဲမုန့်နှစ်ပွဲမှာလိုက်သည်၊၊ ဟိုနေ့ည ကျောင်းကပွဲသို့ ကျွန်တော် သူ့ကို မိန်းကလေးလို ဝတ်ပေးပြီး ခေါ်သွားသည်ကို သူ သိပ်ပြီး မကျေနပ်သေးပုံ၊၊ ဒီတစ်ပါတ်လုံး ကျွန်တော့် မျက်နှာကိုလည်း သိပ်မကြည့် ကျွန်တော့်ကိုလည်း သိပ်စကားမပြောသလို၊၊ ကျွန်တော့်မှ သူစိတ်ကျေနပ်အောင်လည်း hyung လို့ ခေါ်လိုက်သေးသည်မို့လား၊၊ တကယ်တော့ ကျွန်တော် သူ့ကို hyung လို့ မခေါ်ချင်ပါ၊၊ joongie လို့ ခေါ်ချင်သည်၊၊ in sung ဆိုသူက သူ့ကို joongie လို့ ခေါ်လိုက်ရင် စိတ်ထဲ သူတို့နှစ်ယောက် အရမ်း ရင်းနှီးသလိုခံစားရတာ၊၊ ကျွန်တော်လည်း သူနှင့် ရင်းနှီးစွာပင် joongie လို့ ခေါ်ချင်သည်၊၊ ဒါပေမယ့် ကျွန်တော် ခေါ်လိုက်လို့ သူ ကျွန်တော့်ကို စိတ်ဆိုးသွားမှာဆိုးသည်၊၊ သူ့ထက် အသက်ငယ်သည့် ကျွန်တော်က ခေါ်တာ သူ ကြိုက်မည်မထင်ပါ၊၊

'' ငါ့ကို ဟိုနေ့ညက ကိစ္စနဲ့ ပါတ်သတ်ပြီး စိတ်ဆိုးနေတာလား''

ကျွန်တော့် စကားကြောင့် သူက ထိုင်နေရာမှ ကျွန်တော့်ကို ကြည့်ကာ

'' မဟုတ်ပါဘူး''

'' ဒါဆို ဘာလို့ ငါ့ကို စကားသိပ်မပြောတာလဲ''

ကျွန်တော် သိချင်စွာမေးလိုက်သည်၊၊ ဟုတ်သည်လေ၊၊ ကျွန်တော် စောင့်ကြည့်နေတာ ကြာပြီ၊၊ သူ ကျွန်တော့်ကို သိပ်စကားမပြောသလို၊၊ အခုလည်း ကျောင်းဆင်းလို့ အိမ်တန်းမပြန်သေးပဲ သူနှင့် စကားအနည်းငယ်ပဲ ဖြစ်ဖြစ်ပြောရပြောရ၊၊ သူ့နား နည်းနည်းကြာကြာလေးပဲ နေရနေရ အိမ်မပြန်ချင်ဘူးပြောပြီး ရေခဲမုန့်ဆိုင်တွင် ထိုင်ကာ ရေခဲမုန့်စားဖို့ ထိုင်နေသည်၊၊ ဒါတောင် သူက မစားချင်ဘူး ငြင်းနေသေးသည်၊၊

'' ဘာမှ မဟုတ်ပါဘူး ''

သူ့ဆီက စကားသံတိုးတိုးကြောင့် ကျွန်တော် သူ့မျက်နှာကို ကြည့်တော့ ကျွန်တော် အနည်းငယ်စိတ်ပူကာ ထိုင်ရာမှ ကုန်းထပြီး စားပွဲရှေ့က သူ့နှဖူးကို လက်ဖြင့် စမ်းလိုက်သည်၊၊ ကျွန်တော့် အပြုအမူကြောင့် သူကျွန်တော့်ကို အံ့သြော်နေသည့် မျက်ဝန်းလေးဖြင့် ကြည့်နေသည်၊၊ ကျွန်တော်လည်း သူ့မျက်ဝန်းလှလှလေးကို မြင်မှ လန့်ဖြန့်ကာ သူ့ နှဖူးပေါ်က ကျွန်တော့်လက်ကို ဖယ်ကာ ထိုင်ခုံတွင်ပြန်ထိုင်လိုက်သည်၊၊ ဒီလက်ကတော့ လျှာရှည်ပြန်ပြီ၊၊ ဟိုက ထမရိုက်တာ ကံကောင်း၊၊ ကျွန်တော် ခပ်တည်တည် သူ့ကို ပြုံးပြပြီး

ကျွန်တော့် နှလုံးသား သူပိုင်သည်Where stories live. Discover now