အပိုင်း-၁၀
×××××××
'' ဟား,,, ဟား,,,,, ဟား,,,''
ကျွန်တော့် ရှေ့တွင်ထိုင်ပြီး ဗိုက်ကိုလက်ဖြင့် နိုမ့်ကာ အူလှိုက်သည်းလှိုက် ရယ်နေသော hyung ကို ကျွန်တော် ဘာစကားမှ မပြော နိုင်ပဲ သက်ပြင်းချ၍သာ ကြည့်နေမိသည်,,, hyung က ရီနေရာမှ အနည်းငယ် အရှိန်သတ်ကာ ကျွန်တော့်ကို ကြည့်ပြီး
'' အခုရော အိမ်မှာ သူတစ်ယောက်တည်းနေခဲ့လား''
'' အင်း,,''
ကျွန်တော် hyung ကို ကြည့်ပြီး ခေါင်းငြိမ့်ကာ ဖြေလိုက်သည်၊၊ hyung က ရီနေလျှက်ပင်၊၊
'' ဒီကလေးတော့ အိမ်မှာ arjimar နဲ့ တွေ့နေပြီပေါ့,,, ဟား,,, ဟား,,, ဟား,,,''
hyung က ပြောလိုက်ရီလိုက်နှင့် ဖြစ်နေသည်၊၊ ဖြစ်လည်း ဖြစ်စရာကို ဟိုနေ့က ကျွန်တော်တို့ နှစ်ယောက်အကြင်နာပေးနေသည်ကို omma က မြင်ပြီး ဆူထားတာမို့လား၊၊ ပြီးတော့ yunho ကိုတောင် ခံဝန်ကတိလက်မှတ်ထိုးခိုင်းလိုက်သေးသည်လေ၊၊ ထိုကိစ္စကို omma က အသေးစိတ်သိချက်သဖြင့် မနေ့က hyung ကို ဖုန်းဆက်ချိန်းပြီး မေးသတဲ့လေ၊၊ ကျွန်တော် hyung ကို ငြင်းထားသည်ကို omma မသိသေးဘူးလေ၊၊ omma မှ မဟုတ် အိမ်မှ မည်သည့် အိမ်သားမှ မသိသေးပါ၊၊ ကျွန်တော် ကိုယ်တိုင်လည်း သူနှင့်ကျွန်တော့် ကိစ္စကို ပြောဖို့ အကြိမ်ကြိမ်ကြိုးစားသော်လည်း တကယ်တမ်းတော့ ပြောမထွက်၊၊ ကိုယ်ထက် အသက်ငယ်သည့် သူကို ချစ်သူအဖြစ် ရထားသည်က တစ်ချို့သူတွေအတွက် ကြွားဝါစရာကိစ္စဆိုပေမယ့် ငယ်ငယ်တည်းက ဘာကိုမဆို လူကြီးတစ်ယောက်လို ဆုံးဖြတ်တတ်သည့် ကျွန်တော့် ကို အိမ်က အရမ်းအထင်ကြီးထားသည့် အခြေအနေမျိုးတွက်တော့ သူကျွန်တော့်ထက် အသက်5နှစ်ငယ်နေသည်က ပြောစရာတစ်ခုလိုပင်၊၊ ဒါပေမယ့် အသက်ငယ်သည်က အပြစ်မှ မဟုတ်တာဟု တွေးမိပြီး ဖွင့်ပြောရန် ကြံတော့လည်း ,,,,,
'' hyung ကို မနေ့က ဘာလာပြောတာလဲ,,,''
'' အော် ဒါလား,,''
hyung က ချက်ချင်းမပြောသေးပဲ ,,, စားပွဲပေါ်မှ ကော်ဖီကို တစ်ငုံမော့သောက်လိုက်သည်၊၊ ဒီနေ့က yunho တို့ကျောင်းပိတ်ရက်ဖြစ်သဖြင့် အိမ်တွင် သူ့ကိုထားခဲ့ပြီး ကျွန်တော်က ဌာနချုပ်တွင် သင်တန်းပို့ချနေရသည်မို့လား,,ရောက်ရောက်ချင်း hyung က ကျွန်တော်နှင့် သူ့ကိစ္စကို မေးတည်းက ကျွန်တော် သိလိုက်သည်လေ၊၊ omma ပြောလိုက်ပြီဆိုတာ၊၊ omma က hyung ကို သားတစ်ယောက်ပင် ချစ်သည်လေ၊၊ အစက ကျွန်တော့်ကို ဘာမှ မပြောသည်က hyung ကို ယုံလို့ပင်လေ၊၊ ကျွန်တော် hyung ကလွဲပြီး ဘယ်သူ့ကိုမှ ရွေးချယ်မည်မဟုတ်ဟု omma က တွေးထင်ထားသည်လေ၊၊ ကျွန်တော်ကိုယ်တိုင်လည်း hyung ကို သာ ရွေးချယ်မည် ဟု ထင်ခဲ့တာပင် ဒါပေမယ့် အချစ်ဆိုတာလည်း ကြုံရော,,,
