part- 8

7.6K 407 3
                                    

အပိုင်း-၈

××××××

'' မင်း မျက်နှာက ဘာဖြစ်တာလဲ''

'' ဟမ်''

ကျွန်တော့် မျက်နှာကို ကိုင်ပြီး တအံ့တသြော်မေးနေသည့် yoochun စကားကြောင့် ကျွန်တော် အနည်းငယ်ကြောင်သွားသည်၊၊ ဘေးတွင် ထိုင်နေသော သူ့ကို တည့်တည့်မကြည့်ရဲပဲ မျက်လုံးထောင့် မှ စွေကြည့်တော့ သူက ကျွန်တော့်ကို မကြည့် အအေးကို ငုံ့သောက်နေသည်၊၊ yoochun က ကျွန်တော့် နုတ်ခမ်းက ဒဏ်ယာကို ကြည့်ပြီး

'' မင်း ငါမသိပဲ ချိန်းပွဲတွေများ ချနေလား''

'' ရူးနေလား''

ကျွန်တော့် စကားကြောင့် yoochun က မျက်မှောင်ကျုပ်ပြီး ကျွန်တော့်ကို ကြည့်ကာ

'' ဒါဆို ဒီဒဏ်ယာက ဘယ်က ရလာတာလဲပြော''

'' နမ်းလို့ ရတာ နမ်းလို့ ရှင်းပြီလား''

'' ဟွန်း!!!!''

ကျွန်တော် yoochun ကို စိတ်မရှည် စိတ်အချဉ်ပေါက်ပေါက်ဖြင့် အော်ပြောလိုက်သည့် စကားသံအဆုံး အအေးသောက်နေသည့် သူ သီးသွားသည်၊၊ ကျွန်တော် သူ့ဘက်ကို မကြည့်ပဲ လက်နှစ်ဖက်ကို ပိုက်ကာ နုတ်ခမ်းကို မဲ့ထားလိုက်သည်၊၊ yoochun ရော သူ ရော ကျွန်တော့်ကို ထူးဆန်းစွာ ငေးကြည့်နေကြသည်၊၊

'' နမ်းလို့ ဘယ်ကောင်မလေးက မင်းနမ်းတာကို မခံပဲ ,, အဲ့လို့ လုပ်ရတာလဲ,,ကြီးကြီးကျယ်ကျယ်,, ဘယ်ကလဲ''

ကောင်မလေးမဟုတ်ဘူး ,,,ကောင်ဟေ့,,ကောင်ဟေ့,,, တကယ်ပဲ,,, သူပဲ ကြိုက်တဲ့ ဆုယူဆိုလို့ ပြောပြီး ယူတော့ လည်း လက်သီးနဲ့ တစ်ချက်ထိုးတယ်,,, သူက တော့ ထိုးပြီး အိမ်ထဲသို့ ပြေးဝင်သွားကာ ကျွန်တော့်ကို လှည့်တောင်မကြည့် ကျွန်တော့်မှာသာ သူထိုးလိုက်သည့် နာကျင်မူကြောင့် သွားများကျွတ်ထွက်သွားပြီလား စိုးရိမ်လိုက်ရတာ ,,,တော်သေးတာပေါ့,,, ဘာမှမဖြစ်လို့,,,kim jaejoong ခင်များကြီး လက်သံပြောင်တယ်,,,၊၊ သူက yoochun စကားကြောင့် ကျွန်တော့် ကို ကြည့်နေရာမှ မျက်နှာလွဲကာ ဘေးသို့ ကြည့်နေသည်၊၊ အစကတော့ နုတ်ခမ်းထောင့်က ဒဏ်ယာကြောင့် ကျောင်းမသွားဘူးဟု လုပ်ထားသော်လည်း တကယ်တမ်း မနက်လင်းတော့လည်း သူ့မျက်နှာကို မြင်ချင်ကာ သူ့ဘေးရှိချင်ပြန်ပြီး ကျောင်းကို ထွက်လာခဲ့သည်လေ၊၊

ကျွန်တော့် နှလုံးသား သူပိုင်သည်Where stories live. Discover now