အပိုင်း-၁၂
××××××
'' ညကြီးမိုးချုပ်တဲ့အထိ ဂိမ်းလည်း ဆော့ မနေနဲ့ ,,, ကျန်းမာရေးလည်း ဂရုစိုက်,,, စာလည်း သေချာကျက် ,,, စာမေးပွဲက နီးနေပြီ,,, အမှတ်ကောင်းမှ တက္ကသိုလ်ကောင်းကောင်းရွေးလို့ရမှာ,,, သမ္မတသားဆိုတာက အမြဲတည်မြဲနေမှာမဟုတ်ဘူး,,, သမ္မတကြီး အနားယူသွားရင် မင်းကို ပဲ အားကိုးရမှာ,, ဒါကြောင့်,,!,''
ကျွန်တော် အနားတွင် ကုတငိပေါ်ထိုင်ကာ အဝတ်အစားများသိမ်းနေသည့် သူ့ကို ကြည့်ပြီး စိတ်ထဲ အသည်းယားလာကာ ,,, ပွစိပွစိ ပြောနေသည့် သူ့ရဲ့ ဖူးနုနေသည့် ပန်းနုရောင် နုတ်ခမ်းကို နမ်းလိုက်သည်,,, ကျွန်တော့်ရဲ့ ရုတ်တရက် အနမ်းကြောင့် သူ ပြောလက်စ စကားများ ရပ်တန့်သွားသည်,,, ဒါပေမယ့် သူ ကျွန်တော့် အနမ်းကို မငြင်းပယ်ပါ,,, ကျွန်တော် ညင်သာသည့် အနမ်းများကို ရပ်တန့်ပြီး သူ့မျက်ဝန်းကို စိုက်ကြည့်လျှက်
'' အဲ့လောက်တောင် စိတ်မချဖြစ်နေရင် လက်ထပ်ရအောင်လေ' ''
ကျွန်တော့် စကားကြောင့် သူက သူ့ရဲ့ ပန်းနုရောင် နုတ်ခမ်းဖူးဖူး လေးကို ကော့ညွှတ်စွာ ပြုံးပြီး ကျွန်တော့် ဆံပင်ကို လက်ဖြင့် ကြင်နာစွာ ဖွယူဆော့ကစားကာ,,,
'' အထက်တန်းသာ အောင်ပါစေ, ,,, ဟုတ်ပြီလား ''
'' အထက်တန်းအောင်ပြီးရင် လက်ထပ်မှာလား ''
ကျွန်တော့်ရဲ့ အမေးစကားကြောင့် သူခဏတော့ တိတ်ဆိတ်သွားသည် ,,,, ကျွန်တော့် ဆံပင်ကို ဆော့ကစားနေသည့် သူ့လက်က ကျွန်တော့် ပုခုံးကို လာရောက် သိုင်းဖက်လိုက်တော့ ကျွန်တော် အလိုလို သူ့ကျောပြင်ကို ခပ်ဖွဖွ ပွတ်သပ်လိုက်သည်,,,,,
'' လက်ထပ်တာက အချစ်ရဲ့ အဆုံးသတ်မဟုတ်ဘူး yunhoyah, ,,, ငါအခု မင်းကို လက်မထပ်နိုင်တာလဲ မချစ်လို့မဟုတ်ဘူးနော် ,,,, တစ်ခါတစ်လေ အချစ်ထက် အရေးကြီးတာ အများကြီး ရှိတယ် ,,,, ချစ်နေရုံအပြင် အချစ်ကြောင့် ငါတို့ တိုးတက်လာတာ ကောင်းမွန်လာတာတွေကို လူကြီးတွေ သိအောင် ကြိုးစားသက်သေပြရမယ်လေ' ''
ရင်ခွင်ထဲမှာ ကျွန်တော့် ရင်ဘက်ကို မျက်နှာအပ်ကာ ခပ်တိုးတိုးပြောနေသည့် သူ့စကားကြောင့် ကျွန်တော် စိတ်ထဲ မောပန်းနေပေမယ့် နှလုံးသားကတော့ ကြည်နူးနေမိသည်,,,, ကျွန်တော့် ချစ်သူလေးက အရမ်းကို လူကြီးဆန်တာပဲနော်,,,, အသက် 23 ဆိုတာ လူငယ်ပေမယ့် joongie ဆီမှာ လူငယ်ဆန်သည့် ပေါ့ပျက်ပျက် အတွေးမျိုး တစ်ခါမှ မရှိခဲ့ချေ,,, အရာရာကို ဦးဆောင်နိုင်ပြီး ဆုံးဖြတ်ချက်တိုင်းကို မှန်ကန်စွာ ဆုံးဖြတ်နိုင်သည်ဆိုတာ သူနှင့် ချစ်လာသည့် သက်တမ်းတစ်လျှောက် ပိုသိမြင်လာသည်,,, တစ်ခါတစ်လေ ပြည့်စုံလွန်းသည့် အလှများနှင့် ထက်မြတ်လွန်းသည့် အသိပညာများကို ပိုင်ဆိုင်ထားသည့် သူ့အတွက် ကျွန်တော့်လို အထက်တန်းကျောင်းသားဆိုးဆိုးလေးရဲ့ ချစ်သူအဖြစ်ရှိနေတာ အနည်းငယ်တော့ အကျည်းတန်သလိုပင်နော်,,, တကယ်ဆို သူက ကျွန်တော့် ထက် အဆပေါင်းများစွာ သာလွန်သူနှင့် ထိုက်တန်တာပါ,,, ကျွန်တော် ရင်ခွင်ထဲ ထွေးပွေ့ထားသည့် သူ့ကိုယ်လုံးလေးကို ခပ်ဖွဖွဆုပ်ကိုင်ကာ ရင်ခွင်ထဲမှာ ခွာလိုက်တော့,,, သူက ကျွန်တော့်ကို မျက်တောင်မခတ်ကြည့်နေသည်,,,, ဘာလို့များ သူ့မျက်ဝန်းတွေက ဒီလောက် ဖြူစင်ရတာလဲနော်,,, ကျွန်တော် ဝိုင်းစက်လှပလွန်းသည့် သူ့မျက်ဝန်းလဲ့လဲ့ကို ကြည့်ကာ ရင်ထဲ ခပ်နွေးနွေးခံစားမူကြောင့် သူ့ရဲ့ ပန်းနုရောင်ပါးနှစ်ဖက်ကို လက်နှစ်ဖြင့် မချင့်မရဲ ဆွဲကိုင်ကာ ,,,,,
