part- 11

8.5K 460 20
                                    

အပိုင်း- ၁၁

×××××××

အခန်း တံခါးဖွင့်လိုက်သည်နှင့် အတူ မြင်လိုက်ရသည့် ပုံရိပ်ကြောင့် အလိုလိုကျွန်တော် မျက်နှာတည်လိုက်သည်,,, yunho, ,, သူလည်း အခုမှ အိပ်ယာထလာသည်ထင် မျက်နှာက အခုမှ သစ်ထားသည့် ပုံစံ,,, သူက ကျွန်တော့်ကို မြင်တော့ မျက်နှာချိုးသွေးပြီး သွာ3း2ချောင်းလုံး ပေါ်အောင် ပြုံးပြနေသည်လေ, ,,

'' နိုးပြီလား,,joongie' ''

သူ့ရဲ့ မျက်နာချိုလေးနှင့် စကားကို ကျွန်တော် မျက်နှာခပ်တည်တည် ထားပြီး

'' မမြင်ဘူးလား မင်းမျက်လုံးက' ''

ကျွန်တော့်ရဲ့ စကားကြောင့် သူ့ကို ကျွန်တော် စိတ်ဆိုးမပြေသေးတာကို သူ သိလိုက်သည့် ပုံပင်,,, သူ့မျက်နှာလေး ညှိုးသွားသည်,,, သူ့ရဲ့ ညိုးငယ်သွားသည့် မျက်နှာကို မြင်တော့လည်း လူက အလိုလို သူ့ကို သနားသွားမိသလိုပင်,, အို,,, သနားစရာမလိုပါဘူး,,,ကောင်စုတ်,,, ကိုယ့်ချစ်သူကိုတောင် ကိုယ်မသိတဲ့ ကောင်စုတ်,,, ဒီလောက်တော့ အပြစ်ပေးသင့်တယ်မို့လား,,, ငါနဲ့ ငါ့အစ်ကို heechul hyung နဲ့ကို မှားစရာလား,,, ပြီးတော့ ဘာတဲ့ လည်ပင်းတောင်နမ်းလိုက်သေးသလို,,, heechul hyung က ကျွန်တော့်ထက် အရပ်နည်းနည်းပုပြီး ကျွန်တော့်ထက် နည်းနည်းပိုပြီး ဝတယ်မို့လား,,, ဒါကိုတောင် အမြဲတမ်း ကျွန်တော့်ကို ဖက်လိုက် နမ်းလိုက်လုပ်နေတဲ့ သူက မမှတ်မိဘူးတဲ့,,,, မှားသွားလို့ပါတဲ့ ဖြစ်သင့်လား,, ဖြစ်စရာလား,,, ညကလည်း တစ်ညလုံး သူက ကျွန်တော့်ကို တောင်းပန်သည့် massage များပို့ထားသည်မှာ မနည်းမနော,,, အခန်းမအားလို့ ကျွန်တော့် အခန်းလာအိပ်တဲ့ hyung ကတောင် မင်းတို့ နှစ်ကောင် မျက်စိနှောက်လာပြီ အခန်းက မျက်နှာချင်းဆိုင်ကို ဘာတွေလုပ်နေကြတာတုန်း လို့ ပြောယူရသည်လေ, ,,,,

ကျွန်တော် သူ့ကို ဘာမှ မပြောပဲ ကြည့်နေတော့ သူလည်း ကျွန်တော့်ကို ကြည့်နေသည်,, ဘာမှတော့ မပြော,, ထိုအချိန် ကျွန်တော့် အနောက်အခန်းထဲမှ ထွက်လာသည့် heechul hyung က သူ့ကို လည်းမြင်ရော,,,

'' morning baby' ''

ပြောပြီး သူ့ရဲ့ ပါးနှစ်ဖက်ကို ဆွဲကာ ကျွန်တော်တို့ ရှေ့ ကျွန်တော်တို့ နှစ်ယောက်ကြားမှ ဖြတ်လျှောက်ကာ ထွက်သွားတော့ ကျွန်တော့် ထွက်သွားတဲ့ hyung ရဲ့နောက်ကျောကို ပါးစပ်လေးအဟောင်းသားကြည့်နေမိသည်,,, သူလည်း အတူတူပင် အံ့သြော်ကာ hyung ကို လိုက်ကြည့်နေသည်,,, ကျွန်တော်သူ့ကို ပြန်ကြည့်တော့ သူက လက်ကာပြကာ

ကျွန်တော့် နှလုံးသား သူပိုင်သည်Onde histórias criam vida. Descubra agora