အပိုင်း-၅
××××××
'' မင်း ဟိုနေ့က ကိစ္စနဲ့ အဆူခံရသေးလား,,''
'' ဘာကိစ္စလဲ,,''
ကျွန်တော့် စကားကြောင့် yunho က ကျွန်တော့်ကို မျက်နှာငယ်လေးနှင့်ကြည့်ကာ
''ဟို ကားကိစ္စလေ, ,,''
'' အော်!,,''
ကျွန်တော် သူ့စကားကြောင့် မျက်နှာကို ခပ်တည်တည်ထားကာ သူ့ကို ကြည့်တော့ သူက ကျွန်တော့်ကို မချိုမချဉ်ပြုံးပြနေသည်၊၊ အစက အမှန်တိုင်းပြောမလို့ စိတ်ကူးထားသော်လည်း သူ့ရဲ့ အခုလို ဖြစ်ပျက်နေသည့် ပုံကို မြင်တော့လည်း လူက အလိုလို ကျေနပ်မိကာ
'' ဆူခံရတာပေါ့,,,''
'' ဟမ် ,,, တကယ်လား,,,''
ကျွန်တော့်စကားကြောင့် သူ့မျက်ဝန်းတွေက ချက်ချင်းစိတ်မကောင်းသလို၊၊ အပြစ်ရှိသလို ခံစားချက်မျိုးနှင့် ကျွန်တော် သူ့ကို ကြည့်ပြီး အလိုလိုစိတ်ထဲ ပျော်နေမိသည်၊၊ လုပ်ချင်ဦးလေ၊၊ ဆရာကြီးပုံစံ၊၊ ကြည့်လိုက်ရင် သူကပဲ အားလုံး ကျွမ်းကျင်နေသလို၊၊ တကယ့် တကယ်တော သူက ကျွမ်းကျင်တာ ဘာဆိုဘာမှမရှိ၊၊ ကျွန်တော် သူ့နားနေသည့် 3လသာ အချိန်အတွင်းမှာတော့ သူ့အကြောင်း သိသလောက်ဆိုရင် သူက ကလေးစိတ်မျိုးပင်၊၊ ဘယ်အရာကို ပင်ပင်ပန်းပန်းမလုပ်ခဲ့ရတော့ အရာရာတိုင်းကို တန်ဖိုးမထားတတ်ပေ၊၊ ဒါပေမယ့် ကျွန်တော်သိသလောက်တော့ သူက သူတပါးကို ယုတ်မာစိတ်တော့မရှိ၊၊ သူ့ကိုသူ ဆရာကြီးစတိုင်ဖမ်းချင်သည့် စိတ်သာ၊၊ ပြောရမည်ဆို လူကြီးဖြစ်ချင်နေသည့် ကလေးတစ်ယောက်ဆိုပိုမှန်မည်၊၊
'' ဒါဆို အစီရင်ခံစာရေးခဲ့ရတယ်ပေါ့ ဟုတ်လား,,''
'' အင်း,,''
ကျွန်တော် ခပ်တည်တည်သာ ခေါင်းညိမ့်ဖြေလိုက်သည်၊၊ သူက ကျွန်တော့် ဘေးတွင်ထိုင်နေုပြီး ကျွန်တော့်ကို အားနာသလိုမျက်နှာနှင့် ကြည့်နေသည်၊၊ အဲ့နေ့က ဖြစ်ခဲ့သည့် ကိစ္စကြောင့် အခု2ရက်3ရက်အတွင်း သူ အနည်းငယ်တော့ ကျွန်တော့်ကို ပြဿနာမရှာတော့၊၊၊ အားနာလို့ပဲလား၊၊ သူ့ ဘာသာ ကားမမောင်းတတ်တာကို ရှက်လို့ပဲလားတော့ မသိ၊၊ ဘာပဲ ဖြစ်ဖြစ် အခုလို သူ ဖြစ်နေတာကိုတော့ သဘောကျသည်၊၊၊ နောက်မို့ဆို ကျွန်တော့် ကို ဘာပြဿနာများရှာမလဲလို့ တွေးနေရတာ စိတ်ပင်ပန်းလှသည်၊၊
