part- 6

6.9K 459 1
                                    

အပိုင်း-၆

××××××

နွေးဦးရာသီ၏ မနက်ခင်း နေမင်း၏ အလင်းရောင်က ကမ္ဘာမြေကြီးကို လင်းလဲ့လှပစေသလို ၊၊ ကျွန်တော် အိမ်ထဲမှ ထွက်လာသည်နှင့် အိမ်တခါးပေါက်မှ တဆင့် ကားနားတွင် ရပ်နေသော jaejoong ကို မြင်သည်နှင့် အရာအားလုံးက ပြည့်စုံလှပသွားသလို၊၊ ကျွန်တော် လျှောက်လာသည့် ဘက်ကို တစောင်းပေး၍ ရပ်နေသော သူ့မျက်နှာ ဖွေးဖွေးနုနုလေးနှင့် နေရောင်၏ အလင်းရောင်က သူ့လည်တိုင်ကို ဖြာဆင်းနေကာ လှပလွန်းသည့် လည်တိုင်က ကြည့်နေသည့် သူအဖို့ စွဲမက်စရာ၊၊ kim jaejoong တကယ်ဆိုရင် ခင်များ သက်တော် စောင့် မလုပ်သင့်ဘူး မင်းသားလုပ်ရမှာ ၊၊ အိုး,,, မဖြစ်ပါဘူး၊၊ မင်းသားဆိုရင် လူတွေကြည့်တာ ခံနေရမည်၊၊ သက်တော်စောင့် လုပ်တာကမှ ငါ့နားနေရသေးတယ်၊၊

ကျွန်တော် သူရှိရာသို့ တစ်လှမ်းချင်းလျှောက်လာသည်၊၊ အခုလို မနက်အိပ်ယာထ ကျောင်းသွားသည်နှင့် သူ့ကို မြင်လိုက်ရတာ မင်္ဂလာတစ်ပါးပါ၊၊ တစ်စုံတစ်ယောက်နှင့် စကားပြောနေသည်ထင်၊၊ သူ့မျက်နှာက အပြုံးတွေနှင့်၊၊ ကြည့်စမ်းပါဦး အပြုံးလေးက ဘယ်လောက်လှပလဲ ၊၊ ဒေါသကြီးတတ်သည့်သူလို့ ပြောရင် မည်သူက ယုံမှာလဲနော်၊၊ ကျွန်တော် ပြုံးရီနေသည့် သူ့မျက်နှာကို ငေးရင်း လျှောကိလာစဉ် စောစောက တခါးနှင့် ကွယ်ကာ မမြင်ရသည့် သူနှင့်စကားပြောနေသည့် လူကို တွေ့တော့ လူက အလိုလို စိတ်အလိုမကျဖြစ်လာသည်၊၊ in sung ၊၊ ဒီလူက မနက်စောစော ဘာလာလုပ်တာလဲ၊၊ ကြည့်လို့ကို မရဘူး၊၊ သူတို့နှစ်ယောက်က ကျွန်တော် လျှောက်လာတာမြင်တော့ ပြောနေသည့် စကားများကို ရပ်ကာ ကျွန်တော့်ကို ကြည့်လိုက်သည်၊၊ in sung hyung က ကျွန်တော့်ကို ကြည့်ကာ

'' ကျောင်းသွားတော့မှာပေါ့,,''

'' အင်း,,,''

ကျွန်တော် မဖြေချင်ဖြေချင် ဖြေလိုက်သည်၊၊ ကလေးဆန်တယ်ပြောပြော သူနှင့် in sung ကို အတူမမြင်ချင်၊၊ in sung hyung က သူလိုချင်သည့် စိတ်ကူးထဲက ပုံစံနှင့် တူသည်မို့လား၊၊ ငယ်ငယ်တည်းကလည်း အရမ်းခင်ခဲ့ကြသည်မို့လား၊၊ ကျွန်တော်က သူငယ်ငယ်က အမှတ်တရတွေကို သိခွင့်မရတာ မကျေနပ်ပါ၊၊ ပြီးတော့ ကျွန်တော် မသိသည့် သု့အမှတ်တရများက in sung hyung နှင့် များစွာ ရှိခဲ့သည်မို့လား၊၊ အဲ့လူကလည်း အသက်ကြီးနေပြီကို ဘာလို့ အိမ်ထောင်မပြုသေးတာလဲနော်၊၊ ယူပါလား အရွယ်မတိုင်ခင်၊၊ ဟိုတစ်လောက ဖေဖေနှင့် မေမေပြောစကားအရ in sung hyung က သူ့ကို ချင်ခွင့်ပန်ထားသည် ဟူသိထားသည်၊၊ အဲ့အတွက်ကြောင့် သူ့ကို ပိုပြီး in sung hyung နှင့် အတူမတွေ့ချင်၊၊ မတွေ့နဲ့လို့ ပြောလို့လဲမရ၊၊ ကျွန်တော်က သူနှင့် ဘာမှမပတ်သတ်ဘူးမို့လား၊၊ ပြောပိုင်ခွင့်ရှိသည့် အခြေအနေကို သူ့ဆီက တောင်းဆိုရင်လည်း အဲ့ဒီ့နေရာတွင် သူ ကျွန်တော့်ကို ထသတ်မလားမသိ၊၊ နောက်ပြီး ကျွန်တော်က ယောကျာင်္းတွေနှင့် မပတ်သတ်ဘူး ၊၊၊ ပိုဆိုးတာက အဲ့ယောကျာင်္းက ကျွန်တော့်ထက် အသက်ကြီးနေတာပင်၊၊ ကျွန်တော့်ထက် အသက်ကြီးပြီး ကျွန်တော့်ထက် အသတ်အပုတ်တော်ပြီး ကျွန်တော့်ထက် စဉ်းစားဥာဏ်ရှိသည့် kim jaejoong ဆိုသည့် သူ့ကို ကျွန်တော်က ခင်များကျွန်တော့် ချစ်သူလုပ်ပေးပါလားပြောလို့ကတော့ အိုး,,,, ဘုရားဘုရား ,,,, ဘယ်သူ့မှ အကြောင်းမကြားလိုက်ရပဲ ထိုနားမှာတင် ပွဲချင်းပြီး သေမည်ထင်၊၊

ကျွန်တော့် နှလုံးသား သူပိုင်သည်Where stories live. Discover now