part- 1

7.4K 337 4
                                    

အချစ်ဖြင့် မှောင်မိုက်သွားသော တိမ်တိုက်များ

*******************************

ကွင်းတစ်ခုလုံး ပရိတ်သတ်များ၏ အားပေးသံကြောင့် ဆူညံနေသည်၊၊ ပြိုင်ပွဲမစမှီ ပြိုင်ကားများကို စစ်ဆေးနေသူများက စစ်ဆေး၊၊ ကားပြေးလမ်းတစ်လျှောက် စစ်ဆေးနေသူများက စစ်ဆေး ကွင်းတစ်ခုလုံး ရှုပ်နေသလိုပင်၊၊ ကျွန်တော်အား ဝန်ထမ်းများက အင်္ကျီအဝတ်အစားကို သေချာစွာ ဝတ်ပေးနေသည့်ကြားကပင် မန်နေဂျာ၏ စကားများက နားထဲ ဝင်တစ်ချက်မဝင်တစ်ချက်၊၊ ပရိတ်သတ်များ၏ ကျွန်တော့်နာမည် ခေါ်သံတွေက တစ်ကွင်းလုံး အပြည့်လိုပင်၊၊ ကျွန်တော့် အမှတ်တဆိပ်လိုဖြစ်နေသည့် အနီရောင် ဝတ်စုံများကလည်း တစ်ကွင်းလုံးလိုလို၊၊ ကျွန်တော် ဦးထုပ်ကို ဆောင်းပြီး လက်အိတ်စွပ်ကာ ခါးကို ဘယ်ညာလှည့်ကာ ကြောလျှော့လိုက်သည်၊၊ ဒီပွဲ ကျွန်တော်နိုင်မယ်ဆိုတာ သေချာနေတယ်မို့လား၊၊ 3နှစ်ဆက်တိုက် ပထမဆုံး ဗိုလ်ဆွဲဖို့အတွက် အားလုံးက သိနေကြတယ်လေ၊၊ အခုလက်ရှိတွင်တော့ ဖော်မြူလာဝမ်းကားမောင်းသမားတွင် ကျွန်တော်က ကမ္ဘာအဆင့်တစ်သတ်မှတ်ခံရသူ ပဲလေ၊၊

ကျွန်တော် ကားထဲဝင်ခါနီး ဖုန်းမှ massage တစ်ခုကြောင့် ကျွန်တော် ဖွင့်ကြည့်လိုက်သည်၊၊ သူငယ်ချင်းတစ်ယောက်ပို့ထားသောစာ

(မင်းရဲ့ တိမ်တိုက်လေး အမေရိကမှာ စေ့စပ်လိုက်ပြီတဲ့) ပို့ထားတာက မနေ့ည တည်းကပင်၊၊ ကျွန်တော် နားထဲရှိအသံများ တိတ်ဆိတ်သွားသလို ကျွန်တော် ဘယ်ပုံဘယ်လို ကားထဲ ရောက်သွားသည် မသိ၊၊ ပြိုင်ပွဲစသည့် သေနတ်ပစ်သံနှင့်အတူ ဘေးမှ ကားများမောင်ထွက်မှ ကျွန်တော် အသိဝင်လာကာ ကားကို အရှိန်မြှင့်ကာ မောင်းထွက်လိုက်သည်၊၊ ကွင်းထဲရှိ အသံများကို ကားထဲရှိ ကျွန်တော် မကြားရပေမယ့် မျက်ဝန်းထောင့်မှ တော့ ပရိတ်သတ်များ၏ အားမလိုအားမရ မျက်နှာများကို မြင်နေရသည်၊၊ ကျွန်တော် ရှုံးလို့ မဖြစ်ဘူးမို့လား၊၊ 3နှစ်ဆက်တိုက် ဗိုလ်ဆွဲဖို့က ကျွန်တော့် အိမ်မက်ပင်မဟုတ်လား၊၊ ကျွန်တော် အရှေ့မှ ကားများကို တစ်စီးပြီး တစ်စီး ကျော်တက်ကာ ပန်းဝင်အောင် ကြိုစားမောင်းလိုက်သည်၊၊ ဒါပေမယ့် တိမ်တိုက်လေး လက်ထပ်တော့မယ် ဆိုသည့် အတွေးက ခေါင်းထဲ ရောက်လာစဉ်၊၊ နှလုံးသားက နာကျင်လာသည်၊၊ ကျွန်တော့်ကားက အရှေ့ဆုံးရောက်လာသည်၊၊ ကွင်းထဲမှ ပရိတ်သတ်များက ကခုန်နေကြသလိုပင်၊၊ ကျွန်တော် ဘာလို့ မပျော်တာလဲ၊၊ နောက်ပြီး ဘာမဟုတ်သည့် စာလေးနှင့် သူ ကျွန်တော့်ကို ထားခဲ့မည်ဆိုတာကို ယုံကြည်နေမိသလို၊၊ မဖြစ်နိုင်ပါဘူး၊၊ သူ ဘယ်လိုမှ ကျွန်တော့်ကို မထားခဲ့ပါဘူး၊၊ သူ ကျွန်တော့်ဆီပြန်လာမည့် နေ့ကို ကျွန်တော် လက်ချိုးရေ စောင့်နေတာ နှစ်နှစ်ကျော်နေပြီလေ၊၊ ကျွန်တော့် မျက်ရည်များကျလာကာ အမြင်များမှုန်ဝါးလာသလိုပင်၊၊

အချစ်ဖြင့် မှောင်မိုက်သွားသော တိမ်တိုက်များWhere stories live. Discover now