အပိုင်း-၁၁ ( ဇာတ်သိမ်း )
×××××××××××××××××
'' ဒေါက်တာ park yoochun, ,,,,ခင်များကို တရားမဝင် ဆေးသုံးဆွဲမူနဲ့ လာဖမ်းတာ,,,''
အရှေ့တည့်တည့်က အနောက်တိုင်းဝတ်ဆုံဝတ်ထားသည့် လူသုံးယောက်၏ မျက်နှာက ကျွန်တော့် အတွက်တော့ ကျိန်စာတစ်ခုလိုပင်၊၊ အလယ်ကလူက ကျွန်တော့်မျက်နှာရှေ့ ထောင်ပြသည့် စာရွက်အရတော့ ထိုလူတွေက ကျန်းမာရေးဌာနကလူတွေ၊၊ မျှော်လင့်ထားပြီးသားဆိုပေမယ့် အမှန်တကယ် ရင်ဆိုင်ရတော့ ကျွန်တော် ကြောက်လန့်လာမိသလိုပင်၊၊ ကျွန်တော် ဆေးရုံရှိ လူနာများကို စစ်ဆေးနေစဉ် ရောက်လာသဖြင့် အနီးရှိ လူနာများနှင့် ဘေးတွင်လိုက်ပါလာသော အလုပ်သင်ဆရာဝန်များ၏ အကြည့်များက အားလုံး ကျွန်တော့်ဆီမှာသာ၊၊ ထိုအချိန် လူများကြားထဲ အပြေးတစ်ပိုင်း ရောက်လာသည့် junsu, ,,
'' ဘယ်လိုဖြစ်တာလဲ,,,,နေပါဦး,,,, အထင်လွဲတာနေမှာပါ,,,,yoochun က အပြစ်လုပ်တတ်တဲ့ သူမျိုးမဟုတ်ပါဘူး,,,''
ကျွန်တော့်ရှေ့တွင် ရပ်ပြီး ထိုသူများကို မျက်နှာချင်းဆိုင် ဖြေရှင်းနေသော junsu ကျောပြင်ကို ကျွန်တော် ကြည့်ပြီး အလိုလို ဝမ်းနည်းလာသည်၊၊ တောင်းပန်ပါတယ်၊၊ သူငယ်ချင်းရယ်၊၊ မင်း ကို စိတ်ပျက်စေခဲ့ရင်၊၊
'' ကျွန်တော်တို့မှာ သက်သေရှိပါတယ် ''
'' ဘာသက်သေလဲ,,, သူက ဒါမျိုးမလုပ်ဘူး,,''
Junsu ကတော့ နောက်ဆုံးချိန်ထိ ကျွန်တော့်ကို ယုံကြည်ပြီး ကျွန်တော့် ဘက်က ကာကွယ်ပြောနေတုန်း၊၊ အလယ်မှ လူက junsu ကို စိုက်ကြည့်ကာ
'' ဒေါက်တာ park yoochun က လူနာ kim jaejoong ရဲ့ နှလုံးခွဲစိတ်မူမှာ တရားမဝင်ဆေးသုံးနေတာ ကျွန်တော် တို့ဆီမှာ မှတ်တမ်းခွေရှိလို့ပါ,,,''
'' kim jaejoong, ,,,,''
Junsu က ခပ်တိုးတိုးလေး ငြီးပြီး ကျွန်တော့် ဘက်ကို လှည့်ကြည့်လာသည်၊၊ သူ့အကြည့် ကျွန်တော့်ကို မယုံနိုင်ခြင်းများစွာဖြင့် အံ့သြော်နေသလို၊၊ သူ့ နုတ်ခမ်းမှ တစ်ခုခုကို ပြောချင်နေပေမယ့် သူ ဘာမှ မပြော၊၊ မျက်ရည်သာ သူ့ မျက်ဝန်းမှ ကျလာသည်၊၊ ကျွန်တော် အနောက်က လူများကို ကြည့်ပြီး

ŞİMDİ OKUDUĞUN
အချစ်ဖြင့် မှောင်မိုက်သွားသော တိမ်တိုက်များ
Romantizmyunho jaejoong yoochun ပျက်သွားလို့ ပြန်တင်တာပါ