part- 5

2.1K 205 3
                                    

အပိုင်း-၎

××××××

ထမင်းစားနေရင်း ဘေးဝိုင်းမှ ဆရာဝန်၊ သူနာပြုများ၏ အကြည့်များက ကျွန်တော့်ဆီ စုပုံရောက်ရှိနေမည်ဆိုတာ ကျွန်တော် မကြည့်ပဲ သိနေသည်၊၊ ဟိုတစ်နေ့က yunho ဆေးရုံကို ရောက်လာပြီး ကျွန်တော့် လက်ကို ဆွဲခေါ်သွားသည့် ကိစ္စက နောက်နေ့ မနက်ရောက်တော့ ဆေးရုံတစ်ခုလုံး ပြန့်နေပြီလေ၊၊ ဆရာဝန်များမှ လူနာများကိုယ်ရေးကိုယ်တာ မဖွရဘူးဟူသော် ဒီဆေးရုံ၏ စည်းမျည်းနှင့် yunho မန်နေဂျာမှ yunho သတင်းတွေကို အပြင်သို့ ပေါက်ကြားအောင် စီမံထားခြင်းကြောင့် ကျွန်တော် တို့နှစ်ယောက်၏ သတင်းများမှာ အပြင်သို့ မပေါက်ကြားပဲ ဒီပတ်ဝန်းကျင် အတွင်း၌သာ စူးစမ်ကြသည်၊၊ ပြီးတော့ yunho ၏ တောင်းဆိုမူအရ သူ့ကို ကျွန်တော် ဆေးဆက်ကုပေးရသည်၊၊ ကျွန်တော် စပ်စုနေသည့် မျက်ဝန်းများကို မသိကျိုးကျွံပြုကာ ထမင်းဆက်စားနေသည်၊၊

'' ကျွန်တော် ထိုင်မယ်နော် hyung' ''

Minho က ထမင်းပန်းကန်ကိုင်ကာ ကျွန်တော့် ရှေ့ဝင်ထိုင်လိုက်သည်၊၊ ကျွန်တော် minho ကို ပြုံးပြကာ ထမင်းဆက်စားနေလိုက်သည်၊၊ minho ကလည်း ထမင်းစားနေရင်း၊၊

'' hyung နဲ့ yunho နဲ့က ဘယ်လိုအနေထားမျိုးလဲ''

ကျွန်တော် minho စကားကြောင့် စားလက်စဇွန်းကို ရပ်ကာ သူ့ကို ကြည့်လိုက်သည်၊၊ သူက စပ်ဖြဲဖြဲပြုံးနေပြီး

'' ကျွန်တော် သိချင်လို့ပါ,,,ပြီးတော့ ပတ်ဝန်းကျင်က အထင်တွေနဲ့လည်း မဆုံးဖြတ်ချင်လို့ ပါ,,''

ကျွန်တော် သက်ပြင်း တစ်ချက်ချကာ

'' ဘာမှ မဟုတ်ပါဘူး,,, သူက ငါ့ လူနာပါပဲ,,,''

ကျွန်တော် စကားဆုံးသွားသည်တောင် minho က ကျွန်တော့်ကို ကြည့်နေဆဲ၊၊ သူ့အကြည့်က နောက်ထပ်ကျွန်တော့်ဆီက စကားများကို ကြားချင်နေသလို၊၊

'' ဒါပဲလား,,, ဆက်ပြောဦးလေ' ''

'' ဒါပဲလေ, ,, ဘာပြောရမှာလဲ,,,''

ကျွန်တော် ထမင်းကို အပြီးသတ်စားလိုက်သည်၊၊ ဟုတ်သည်လေ၊၊ ကျွန်တော် နှင့် yunho ကြားက ဆံဆက်ရေးက ဆရာဝန်နှင့် လူနာ လို့ ပြောရင် မယုံပေမယ့် ဒီထက် သေချာသည့် အနေထားကိုလည်း ကျွန်တော် မသုံးသပ်တတ်ပါ၊၊ ကျွန်တော် ကသာ yunho အနားနေချင်မိသည့်မို့လား၊၊

အချစ်ဖြင့် မှောင်မိုက်သွားသော တိမ်တိုက်များМесто, где живут истории. Откройте их для себя