part- 6

2K 193 0
                                    

အပိုင်း-၅

×××××××

ကျွန်တော် အိမ်ထဲ လှမ်းမြင်နေလိုက်သည်နှင့် အတူ နှစ်ရှည်လများလွမ်းစွတ်ခဲ့ရသည့် အငွေ့သက်က ရင်ကို နွေးထွေးစေသည်၊၊ အရာအားလုံး ဘာမှ မပြောင်းလဲသေးပါ၊၊ အရင်လိုပင်၊၊ လွန်ခဲ့သည့် 3နှစ်ကလိုပင်၊၊ သူ့ အိမ် လော့တောင် ကျွန်တော့် မွေးနေ့ နံပါတ်ပဲမို့လား၊၊ ကျွန်တော် စိတ်ထဲကြည်နူးလာကာ အလိုလိုပြုံးမိသည်၊၊ ကျွန်တော် ပြန်လာသည်သာ သူ့သိရင် ဘယ်လောက်တောင် ပျော်နေမလဲ၊၊ သူ့ အရမ်းအံ့သြော်သွားမည် ထင်၊၊ ဒါနဲ့ နေဦး၊၊ သူ ကျွန်တော့်ကို အဆက်သွယ်မလုပ်တာ 2နှစ်လောက်ရှိပြီနော်၊၊ ကျွန်တော် မကျေနပ်ပါ၊၊ ကျွန်တော်က သူ့ကို လွမ်းလို့ သူ့ဆီက စာများကို မျှော်လင့်နေတာ၊၊ သူ့ သတင်းကို နားစွင့်နေပေမယ့် ဘာမှ သိပ်မကြားဖြစ်ပါ၊၊ တွေ့ဦးမယ်၊၊ ကျွန်တော့်ကို မဆက်သွယ်တဲ့ အတွက် အပြစ်ကိုပေးပစ်မယ်၊၊ ကျွန်တော် ဧည့်ခန်းအတွင်း လှည့်ကြည့်နေရင်း သူ့ အခန်းထဲကို ဝင်ကြည့်နေမိသည်၊၊ ကုတင်ပေါ်က သူ့ခေါင်းအုံးလေးကို လက်ဖြင့် ခပ်ပွပွပုတ်ရင်း ကျွန်တော် ပြုံးနေမိသည်၊၊ ကျွန်တော် ကုတင်ပေါ်တွင်လှဲချပြီး ခေါင်းအုံးလေးကို မျက်နှာပေါ်တင်ကာ နမ်းလိုက်သည်၊၊

အရမ်း လွမ်းတယ်၊၊ yunho ရယ်၊၊

အရမ်း လည်း တွေ့ချင်နေပြီ၊၊

ထိုအချိန် အိမ်တခါး ဖွင့်သံကြားရ၍ ကျွန်တော် ကုတင်ပေါ်မှ ဝုန်းခနဲ ထကာ အပြင်သို့ ပြေးထွက်လာမိသည်၊၊

မြင်ကွင်းထဲ အရင်ဆုံးမြင်လိုက်တာကတော့ ကျွန်တော် မသိသည့် လူတစ်ယောက်ပင်၊၊ အသားဖြူဖြူ၊ အရပ်က ကျွန်တော့်လောက်နှင့် နုတ်ခမ်းဖူးဖူး၊၊ ချောလွန်းသည်ဟုတော့ မဟုတ်ပေမယ့် သူ့ အပြုံးက မြင်ရသည့် သူတိုင်းကို အေးချမ်းစေသည်၊၊ ရုတ်တရက် သူ့နောက်မှ သူ့ကို ဖက်လိုက်သည့် yunho

'' လူညစ်၊၊ ပြောပါဆိုပြောဘူး,,,''

''ဖယ်,,, အသက်ရူ,,,''

သူ့တို့နှစ်ယောက် ကျွန်တော့်ကို မြင်သွားသည်ထင် ခြေလှမ်းများရပ်တန့်သွားသည်၊၊ yunho က ကျွန်တော့်ကို ကြောင်ကြည့်နေစဉ်၊၊ ကျွန်တော် ဘယ်ကနေဘယ်လို သူ့တို့ရှေ့ရောက်လာသည်မသိပါ၊၊

အချစ်ဖြင့် မှောင်မိုက်သွားသော တိမ်တိုက်များWhere stories live. Discover now