part- 9

1.8K 183 0
                                    

အပိုင်း-၈

××××××

ကျွန်တော် အသိအာရုံတွေ စုစည်းလို့မရပါ၊၊ ဆေးရုံထဲဝင်လာသည့် လမ်းတစ်လျှောက် လူများကို ဘယ်နှစ်ယောက်ဝင်တိုက်မိလဲ ကျွန်တော် သတိမထားမိတော့၊၊ ကျွန်တော့် စိတ်အာရုံက yunho ဆီမှာသာ၊၊၊ သူ အရေးပေါ်ခန်းရောက်နေသည်ဆိုသည့် သတင်းကြောင့် ကျွန်တော် ဒီဆေးရုံကို ဘယ်လို စိတ်မျိုးနှင့် လာခဲ့သည်မှန်းတောင်မသိပါ၊၊ ကျွန်တော် အရေးပေါ်အခန်းများရှိရာ 12 ထပ်သို့ တက်လာကာ yunho ရှိနိုင်သည့် အခန်းများကို ရှာနေမိသည်၊၊

တွေ့ပါပြီ၊၊ yunho တော့မဟုတ်၊၊ ကျွန်တော် မုန်းတီးရသည့် အရိပ်ကလေးတစ်ခုပင်၊၊ yoochun က အရေးပေါ်အခန်းရှေ့ထိုင်ကာ လက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ သူ့ ပုံစံက စိတ်ကို တည်ငြိမ်အောင် လုပ်နေသလိုပင်၊၊ ကျွန်တော် သူ့ကို မြင်သည်နှင့် စိတ်က ထိန်းမရစွာ သူ့နားပြေးသွားမိသည်၊၊ yoochunက ကျွန်တော့် ခြေသံကို ကြားလိုက်လို့ထင် ထိုင်ရာမှ ထကာ ကျွန်တော် ကြည့်နေသည်၊၊ သူ့ရဲ့ ဝမ်းနည်းပူဆွေးနေသည့် မျက်ဝန်းကို မြင်တော့ ကျွန်တော့် ရင်ထဲ ဒေါသများနှင့် နာကြည်းလာကာ ကျွန်တော့်ကို ကြည့်နေသည့် သူ့ မျက်နှာကို ကျွန်တော် လက်သီးဖြင့် ထိုးလိုက်သည်၊၊

''ခွပ်!,,,''

ကျွန်တော့် ထိုးလိုက်သည့် အရှိန်ကြောင့် သူ့မျက်နှာ လည်ထွက်သွားပြီး ကျွန်တော့်ကို အံ့သြော်စွာပြန်လည်ကြည့်လာသည့် သူ့ မျက်ဝန်းက တောင်းပန်မူတွေနှင့် သူ့ နုတ်ခမ်းက သွေးစတစ်စက နီရဲလာသည်၊၊ ကျွန်တော် သူ့ကို စူးရဲစွာကြည့်ပြီး

'' yunnie, ,,,,သူ ,, တစ်ခုခုဖြစ်လို့ကတော့ ,,,park yoochun, ,,,မင်းကို ငါ့လက်နဲ့ ငါကိုယ်တိုင်သတ်မယ်,,,''

ကျွန်တော်သူ့ကို နာကြည်းစွာ စူးစူးရဲရဲ ကြည့်နေမိသည်၊၊ သူက ကျွန်တော့်ကို နာကျင်နေသော မျက်ဝန်းဖြင့် ကြည့်နေသည်၊၊ မလိုချင်ဘူး,,, မင်း ရဲ့နာကျင်မူတွေကို ,,, yunho အတွက် မင်းဆီက နာကျင်မူမပြောနဲ့ ခံစားမူအသေးအမွားလေးက အစ မရှိစေချင်ဘူး,,, သူ့ ရဲ့ နာကျင်ထိခိုက်ခံစားနေသည့် မျက်ဝန်းကတစ်ဆင့် ဖြူစင်သည့် ချစ်ခြင်းကို ကျွန်တော် အလိုလို ခံစားမိတော့ သူ့ မျက်ဝန်းတွေကို ကျွန်တော် အလိုလို ဖေါက်ထုတ်ပစ်ချင်လာမိသည့် စိတ်ကို ကြိုးစားထိန်းချုပ်နေရသည်၊၊ မုန်းတယ်,,, သူ့ရဲ့ အဖြူရောင်မျက်ဝန်းတွေကို၊၊ လောကမှာ ဒီလို ဘာမျှော်လင့်ချက်မှမရှိပဲ ဖြူစင်သည့် ချစ်ခြင်းဆိုတာ မရှိဘူးဟု ကျွန်တော် ခံယူထားပေမယ့် တစ်ဖက်ကလည်း သူ့ မျက်ဝန်းတွေကို မြင်တော့ အလိုလို သိမ်ငယ်ကာ နာကျင်မိသည်၊၊၊

အချစ်ဖြင့် မှောင်မိုက်သွားသော တိမ်တိုက်များWhere stories live. Discover now