part- 2

3.3K 237 0
                                    

အပိုင်း- ၁

×××××××

'' ဘာတွေ စိတ်ဝင်စားစရာရှိလို့ ဒီလောက်ထိ သည်းကြီးမည်းကြီး ကြည့်နေရတာလဲ''

ကျွန်တော် စားပွဲပေါ်က ဖိုင်စာရွက်များကို စိတ်ဝင်တစား စူးစိုက်ကြည့်နေသည်ကို ကြည့်ပြီး junsu က လှမ်းမေးလေသည်၊၊ ကျွန်တော် စာရွက်များကို ဘယ်ပြန်ညာပြန် ကြည့်နေရင်းပင်၊၊

'' သူနဲ့ ပါတ်သတ်တာ ဒါအကုန်ပဲလား''

'' အင်း,,,လေ' ''

Junsu က ကျွန်တော့်ကို ခေါင်းလေးညိမ့်ပြီး ဖြေလိုက်သည်၊၊ ကျွန်တော် စာရွက်မှ အကြည့်ခွာကာ junsu မျက်နှာကို ကြည့်ကာ၊၊

'' သူက နာမည်ကြီး ပြိုင်ကားသမားမဟုတ်ဘူးလား,,, သတင်းတွေက သိပ်မရှိသလိုပဲ''

ကျွန်တော့်၏ စကားကြောင့် junsu က ကျွန်တော့်ရှေ့တွင် ထိုင်နေပြီး လက်ပိုက်ကာ ကျွန်တော့် မျက်နှာကို စူးစမ်းကြည့်နေသည်၊၊

'' မင်း ဘာဖြစ်နေတာလဲ chunnie ''

'' ငါ,,, ငါ ဘာဖြစ်နေလို့လဲ''

ကျွန်တော် junsu ၏ အမေးအား မျက်လုံးပြူးကာ လက်ညိုးလေး ရင်ဘတ်ထိုးပြီး ပြန်မေးလိုက်သည်၊၊ ကျွန်တော်ကို junsu က မျက်မှောင်ကျုတ်ကြည့်ပြီး

'' သိဘူး,,, ငါ့ စိတ်ထဲ မင်း အဲ့လူနာနဲ့ ပတ်သတ်ပြီး တစ်မျိုးဖြစ်နေသလိုပဲ၊၊ ညကြီးမင်းကြီး ငါ့ဆီ ဖုန်းတွေဆက်ပြီး သူ့ အကြောင်းတွေမေးလိုမေး အခုလည်း ငါ မခေါ်ပဲ ငါ့ရုံးခန်းလာပြီး သူ့ ဖိုင်တွေလာကြည့်နေတယ်''

ကျွန်တော် junsu စကားကြောင့် အနည်းငယ်တွေဝေသွားသည်၊၊ ကျွန်တော် ကိုယ်တိုင်လည်းနားမလည်ပါ၊၊ ဘာကြောင့် ကျွန်တော် သူ့အကြောင်းသိချင်မိနေပါလိမ့်၊၊ တစ်ညလုံးလည်း ကြေကွဲနေသည့် သူ့မျက်ဝန်းလေးများကို မြင်ယောင်ပြီး လူက အိပ်လို့ မပျော်ဖြစ်နေသည်၊၊ နောက်ဆုံးတော့ မနေနိုင်သည့် အဆုံး ည12နာရီလောက်ကြီး junsu ဆီ ဖုန်းဆက်ပြီး သူ့ အကြောင်းမေးခဲ့သည်လေ၊၊ junsu ကလည်း သူက ကစားသမားကလွဲရင် ကျန်တာ ဘာမှ မသိ၊၊ မနက်ဆေးရုံ ရောက်တော့လည်း junsu ရုံးခန်းထဲ လာပြီး သူနှင့် ပါတ်သတ်သည့် အသေးစိတ်ဖိုင်ကို လာကြည့်နေမိသည်၊၊

အချစ်ဖြင့် မှောင်မိုက်သွားသော တိမ်တိုက်များTempat di mana cerita hidup. Terokai sekarang