part- 10

1.9K 182 0
                                    

အပိုင်း-၉

××××××

ကျွန်တော် အိပ်နေရာမှာ မျက်လုံးမဖွင့်ပဲ ဘေးရှိ အိပ်ယာကို လက်ဖြင့် စမ်းတော့ ဘာမှ မစမ်းမိ၊၊ ကျွန်တော် မျက်လုံးဖွင့်ပြီး ဘေးကို ကြည့်လိုက်တော့ ကုတင်ပေါ်မှာ ကျွန်တော် တစ်ယောက်တည်း၊၊ ကျွန်တော် ခေါင်းကို အနည်းငယ်မတ်ကာ အခန်းအတွင်း ပတ်ကြည့်လိုက်တော့ လည်း မတွေ့၊၊ yunho ၊၊ သူ ဘယ်ရောက်နေတာလဲ၊၊ ကျွန်တော် ခြုံထားသည့် စောင်ကို ဖယ်ကာ ကုတင်ပေါ်မှ ဆင်းလိုက်သည်၊၊ ပြီးတော့ ဘီရိုထဲမှ အနွေးထည် ခပ်ပါးပါးကို ယူဝတ်လိုက်ပြီး အခန်းအပြင်သို့ ထွက်လာသည်၊၊

Yunho အခုတလော အမြဲ ဒီလိုပင်၊၊ ကျွန်တော် အိပ်ယာမှ တစ်ရေးနိုးထလိုက်ချိန်ဆို ဘေးတွင်မရှိ၊၊ သူသက်သာလာသည်မှာ 2လပင် ပြည့်တော့မည် ဆိုသောလည်း တစ်ခါတစ်လေ သူ့ မျက်နှာက အနည်းငယ် နွမ်းဖျော့နေသလိုပင်၊၊ ကျွန်တော် လသာဆောင်သို့ လှမ်းကြည့်တော့ ဝရံတာလက်ရမ်းကို လက်ထောက်ပြီး ရပ်နေသည့် yunho ကို လှမ်းမြင်လိုက်သည်၊၊ ကျွန်တော် သူ့ရှိရာသို့ လျှောက်သွားလိုက်သည်၊၊ ကျွန်တော့် ခြေသံကြောင့်ထင် သူ အနောက်သို့ လှည့်ကြည့်ပြီး

'' အိပ်မပျော်ဘူးလား,,,''

သူက ပြောပြီး ကျွန်တော့်လက်ကို လှမ်းဆွဲကာ ဝရံတာဘက်မျက်နာမူလျှက် သူက ကျွန်တော့် ခါးကို လက်တစ်ဖက်ဖြင့် ဖက်လိုက်သည်၊၊ ကျွန်တော်နှင့် သူ ဝရံတာအပေါ်ထပ်မှ မြင်နေရသည့် ညရှုခင်းကို အဓိပ္ပါယ်မဲ့ ငေးကြည့်နေသည်၊၊ ကျွန်တော် သူ့ဘေးမှာ ရပ်နေရင်းပင် သူ့ခါးကို လက်နှစ်ဖက်ဖြင့် ဖက်ထားလိုက်သည်၊၊ သူက ကျွန်တော့်ကို ငုံ့ကြည့်ပြီး ကျွန်တော့် နုဖူးကို တစ်ချက်နမ်းပြီး

'' နေကောင်းရဲ့လား,,,joongie, ,,မင်း မျက်နှာ ဖြူဖျော့နေသလိုပဲ,,,''

သူ့ စကားကြောင့် ကျွန်တော် သူ့ ရင်ခွင်ထဲမှ သူ့ခါးကို ထွေးဖက်ကာ သူ့ကို မော့ကြည့်ပြီး ပြုံးလိုက်ကာ

'' ငါက အစတည်းက အသားဖြူတာပါနော်,,,''

'' မဟုတ်ပါဘူး,,, မင်းကို စိုးရိမ်လို့ပါကွာ,,,''

အချစ်ဖြင့် မှောင်မိုက်သွားသော တိမ်တိုက်များМесто, где живут истории. Откройте их для себя