အပိုင်း -၂
×××××××
'' ငြိမ်ငြိမ်နေနော်''
ကျွန်တော် သူ့ ခေါင်းကို လက်တစ်ဖက်ဖြင့် အနောက်က ကိုင်ရင်း ကျန်လက်တစ်ဖက်ဖြင့် ကက်ကြေးကို ကိုင်ပြီး သူ့ရဲ့ ခပ်ပွပွဖြစ်နေသော အညိုရောင်ဆံပင် ကို ညှပ်ရန်ပြင်လိုက်သည်၊၊၊ သူက ကျွန်တော် ပြောသလို တုတ်တုတ်မှ မလှုပ်၊၊ နောက်ပြီး ထိုင်ခုံမှာ ထိုင်နေရင်း ပေါင်ပေါ်ရှိလက်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်ကို သူ့အနောက်တွင် ရပ်နေသော ကျွန်တော် မြင်တော့ အလိုလိုပြုံးမိသည်၊၊ ကျွန်တော် လက်က ကက်ကြေးကို ဘေးတွင်ရှိသော ခုံပုလေးပေါ်တွင် တင်လိုက်ကာ ထိုင်နေသော သူ့မျက်နှာ ရှေ့တွင် ထိုင်ကာ သူ့ ရဲ့ ခပ်တင်းတင်းဆုပ်ထားသော လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်၊၊ သူ့ မျက်ဝန်းတွေက ကျွန်တော့်ကို ငုံ့ကြည့်နေသည်၊၊ ကြောက်ရွံ့မူကတော့ သူ့မျက်ဝန်းမှာ ရှိနေဆဲပါ၊၊
'' ဘာလဲ ငါ့ကို မယုံဘူးလား''
သူက ကျွန်တော့် ကိုငေးကြည့်နေဆဲ၊၊ ကျွန်တော် ဆုပ်ကိုင်ထားသည့် သူ့လက်က အနည်းငယ်တော့ နွေးထွေးလာသလို၊၊
'' မင်း ဆံပင်တွေက အရမ်းရှည်နေပြီ,,, မင်း မျက်နှာချောချောလေးပေါ်အောင်လို့ ညှပ်ပေးမှာ စိတ်ချ,,, ငါ့လို ချောအောင် ညှပ်ပေးမယ်,,,''
ကျွန်တော့်စကားကြောင့် သူ နုတ်ခမ်းက ပြုံးလိုက်သည်၊၊ ပြီးတော့ ကျွန်တော့် လက်မှ သူ့လက်တစ်ဖက်ကို ဆွဲထုတ်ကာ ကျွန်တော့် ဆံပင်ကို ခပ်ဖွဖွ ပွတ်ကာ
'' အင်း,,, မင်းလို ချစ်စရာကောင်းအောင် ညှပ်ပေး''
ရုတ်တရက် သူ့ အပြုအမူကြောင့် ကျွန်တော် သူ့ကို အံ့သြော်စွာ ငေးကြည့်နေမိသည်၊၊ ကျွန်တော့် အကြည့်ကြောင့် သူလည်း ကျွန်တော့် ဆံပင်ကို ကိုင်ထားသည့် လက်ကို ရုတ်လိုက်သည်၊၊ ကျွန်တော် လည်း ထိုင်ရာမှ ထကာ သူ့ အနောက်ကိုသွားပြီး သူ့ ဆံပင်ကို ညှပ်ရန် ကက်ကြေးကို ကိုင်လိုက်သည်၊၊ ငါ့ လို့ ချစ်စရာကောင်းတာ ,,,, ဟုတ်လား,,, ကျွန်တော့် ရင်ခုန်သံက ခပ်နွေးနွေးဖြစ်သွားကာ ကျွန်တော် ကြည်နူးစွာ ပြုံးလိုက်သည်၊၊

KAMU SEDANG MEMBACA
အချစ်ဖြင့် မှောင်မိုက်သွားသော တိမ်တိုက်များ
Romansayunho jaejoong yoochun ပျက်သွားလို့ ပြန်တင်တာပါ