part- 7

2K 188 0
                                    

အပိုင်း-၆

××××××

'' ကြိုက်လား,,,''

'' အင်း,,,''

ခေါင်းငြိမ့်၍ ပြောနေသော သူ့ကို ကြည့်ပြီး ကျွန်တော် ပြုံးကာ သူ့ထဲသို့ ဟင်းများ ထပ်ထည့်ပေးလိုက်သည်၊၊

''ရော့,,, များများစား,,,''

သူက ကျွန်တော် ထည့်ပေးသည့် ဟင်းတွေကို အားရပါးရစားနေသည်၊၊ ကျွန်တော် ဒီနေ့ဘယ်မှ မသွားပဲ အိမ်မှာပင် အရင်က သူကြိုက်တတ်သည့် ဟင်းတွေကို ချက်ကျွေးနေမိသည်၊၊ အတိတ်ကိုမှ အနည်းငယ်ပြန်သတိရချင်ရ, , မဟုတ်လည်း သူ အခုလိုအားရပါးရစားနေသည်ကပင် ကျွန်တော့်အတွက် ကြည်နူးစရာတစ်ခုပါပဲ၊၊ အိမ်တွင်ကူလုပ်ပေးနေသည့် အဒေါ်ကြီးက ရွာခဏပြန်သွား၍ ညနေ yoochun လာသည့် အချိန်မှ လွဲလို့ အခုလို နေ့ခင်းဘက်နင့် ညဘက်တွေဆို အိမ်မှာ သူနှင့် ကျွန်တော် နှစ်ယောက်တည်း ရှိတတ်သည်၊၊ အရင်ကတော့ မပြောတတ်ပေမယ့် ကျွန်တော် ရောက်သည့်နေမှ စ၍ yoochun ကို အိမ်တွင်ညအိပ်ခွင့် မပြုထားပါ၊၊ ကျွန်တော့်အနေဖြင့် သူတို့နှစ်ယောက် ညထိ အတူတူရှိနေသည်ကို ဘယ်လိုမှ လက်မခံနိုင်ပါ၊၊ အတ္တကြီးတယ်ပဲ ပြောပြော အခုရော ၊ နောင်ရော၊ အရင်ကရော yunho လိုအပ်သည့် သူမှာ ကျွန်တော် တစ်ယောက်တည်း ဖြစ်စေချင်သည်၊၊

''ယူဦးမှာလား,,,''

'' တော်ပြီ,,, ဝပြီ ,,,,kim jaejoong, ,,, ကျေ:ဇူးပဲ,,,''

ကျွန်တော် စကားကို သူက တားလိုက်သည့် သူ့စကားကြောင့် စောစောက ကြည်နူးမူများအစား နာကျင်မူက နလုံးသားထဲ ဝင်ရောက်လာသည်၊၊ kim jaejoong ကျေ:ဇူးပဲတဲ့လား,,, တစ်စိမ်းအရမ်း မဆန်ဘူးလား yunho ရယ်,,,, ကျွန်တော် ရင်ထဲ နာကျင်လာကာ သူ့ မျက်နှာကို မကြည့်ပဲ အဓိပ္ပါယ်မရှိ ပန်းကန်မှ ဟင်းကို ဇွန်းဖြင့်မွှေနေမိသည်၊၊ ကျွန်တော် အနည်းငယ် မျက်နှာပျက်သွားသည်ကို သူ သိသည်ထင်၊၊

'' ဟို,,,sorry, ,, joon,,,, joongie, ,,''

ဟင့်အင်း တော်ပါပြီ,,,,yunnie ရယ်,,,ကျွန်တော် ဘာမှ ဆက်မပြောပဲ ထိုင်ရာမှ ထရပ်ကာ၊၊

''ပြီးရင် သိမ်းလိုက်တော့မယ်,,,''

ကျွန်တော် ပြောပြီး ဟင်း ခွက်များကို ရေခဲသတ္တာထဲ ထည့်လိုက်သည်၊၊ အခုထိတော့ ကျွန်တော် သူ့ မျက်နှာကို မကြည့်ချင်၊၊ ကျွန်တော်က စိတ်ခံစားမူလွယ်တယ်မို့လား,,ကျွန်တော် ဟင်းပန်းကန်အားလုံးကို သိမ်းပြီး သူ့ရှေ့မှ ထမင်းပန်းကန်လုံးကို ဆေးရန်ယူလိုက်သည်၊၊ သူလည်း ကျွန်တော့် လုပ်ရပ်ကို ထိုင်ကာ ငေး၍ကြည့်နေသည်လေ၊၊ ကျွန်တော် ဘေစဉ်တွင် ပန်းလုံးဆေးနေစဉ်,,, အနောက်မှ ပွေ့ဖက်လာသည့် အထိအတွေ့ကြောင့် ကျွန်တော် ဆေးလက်စ ပန်းကန်ကို ကိုင်၍သာ ရပ်နေမိသည်၊၊ သူ့ရဲ့ ဝင်လေထွက်လေက ကျွန်တော့် နားသို့ ထိခတ်နေသည်၊၊ အသက်ရှုလိုက်တိုင်း ခုန်နေသည့် သူ့ ရင်ဘတ်က ကျွန်တော့် ကျောပြင်ကို ကျီစယ်နေသလို၊၊ ကျွန်တော် စွဲလမ်းခဲ့သည့် သူ့ ကိုယ်သင်းရနံလေးက အခုထိ မပြောင်းလဲသေးပဲ၊၊ ကျွန်တော် ရင်ခုန်သံမြန်လာကာ ကျွန်တော် ဆေးလက်စ ပန်းကန်ကို ဘေစဉ်ထဲ ဖြေးညင်းစွာ ချလိုက်ပြီး

အချစ်ဖြင့် မှောင်မိုက်သွားသော တိမ်တိုက်များWhere stories live. Discover now