part- 4

2.3K 216 3
                                    

အပိုင်း-၃

××××××

'' hyung, ,,,, jung yunho က hyung ဆေးကုတုန်းကလည်း အဲ့လိုပဲလား''

''ဟင် ,,, ဘာကိုလဲ''

ဆေးရုံရှိ နားနေခန်းတွင် ကျွန်တော်နှင့် minho ကော်ဖီသောက်ရင်း စကားပြောနေကြသည်၊၊

'' စကားလည်း သိပ်မပြောဘူး,,, ကျွန်တော် ဆေးစစ်တာကိုလဲ မငြင်းပါဘူး ,,, သူက တစ်ယောက်တည်း နေတတ်တာလား''

'' ငါ့ တုန်းကလည်း စစချင်း အဲ့လိုပါပဲ,,နောက် သူရင်းနှီးသွားရင် ပြောမှာပါ''

Minho က ကျွန်တော့်စကားကြောင့် သက်ပြင်းချကာ လက်တွင်ကိုင်ထားသည့် ကော်ဖီကို တစ်ငုံသောက်လိုက်သည်၊၊ minho မှာ yunho ကို တာဝန်ယူဆေးစစ်ပေးနေရသည်မှာ 1ပါတ်လောက်ရှိပေမယ့် အခုထိ သူ့ ပုံစံမှာ အသားမကျသေး၊၊ yunho နှင့် ပါတ်သတ်သည့် အကြောင်းအရာများကို minho ဆီက သူ ကြားချင်နေမိပေမယ့် minho ကိုယ်တိုင်က yunho နှင့် ရင်းနှီးမူမရရှိသေးပါ၊၊ minho စသွားသည့်ညမှပင် yunho က ကျွန်တော် ဘာလို့ မလာတာလဲ မေးပြီး minho က လူချင်းချိန်းလိုက်တာဟု ပြောလိုက်သည့် နောက်ပိုင်းမှစ၍ သူ့ထံမှ ကျွန်တော်နှင့်ပါတ်သတ်သည့် စကားအခုထိမကြားရသေးသည်ကို minho ဆီမှ ပြောစကားများအရ ကျွန်တော်သိရသည်၊၊ ကျွန်တော် ကိုယ်တိုင်ကလည်း သူနှင့် ပါတ်သတ်ပြီး အခုထိ တစ်ခုခုကို မျှော်လင့် နေမိတတ်သည်၊၊ ညနေ 5 နာရီဆိုရင် သူ့ကို အလိုလို လွမ်းတတ်ပြီး သူ ရော ကျွန်တော့်ကို သတိရနေမလားဆိုသည့် အတွေးက အမြဲကပ်ပါလာသည်၊၊ ထို့ အတူပင် ကျွန်တော်က သူ့အတွက် ဘာမှမဟုတ်ခဲ့ပါဘူးဆိုသည့် အတွေးကပင် ကျွန်တော့် ရင်ကို နာကျင်စေသည်၊၊ minho နှင့် တွေ့တိုင်း သူ့ အကြောင်းဘာကြားရမလဲဆိုသည့် စိတ်ကူးတွေနှင့် ရူးခဲ့ရသလို junsu ရှေ့တွင် သူ့ အကြောင်းစိတ်မဝင်စားသလို နေရသည်က ကျွန်တော့် နေ့ရက်များအတွက် အဆိုးဆုံးအနေအထားတစ်ခုပင်၊၊ junsu ကလည်း သူနဲ့ပါတ်သတ်ပြီး ဘာမှ မပြောပေမယ့် အရင်လို junsu နှင့် ကျွန်တော့ကြားက နွေးထွေးသည့် ဆက်ဆံရေးကတော့ အနည်းငယ်အေးစက်လာသလိုပင်၊၊ အဲ့ဒီ့အတွက်လည်း ကျွန်တော် သူ့ကို မတောင်းဆိုရဲပါ၊၊၊ ကျွန်တော်က junsu ကို နာကျင်စေခဲ့သည်မို့လား၊၊ ဘယ်တော့မှ ဝေးသွားမှာမဟုတ်ခဲ့ဘူးဟု ထင်ထားခဲ့ကျွန်တော်တို့ နှစ်ယောက်၏ သံယောဇဉ်က ဘာမှမဟုတ်သည့် အချစ်တစ်ခုနှင့် အက်ကြောင်းပေါ်ခဲ့ပြီလားလို့ အတွေးကို တွေးလိုက်သည်နှင့် ခိုနားခဲ့ဘူးသည့် ရေစိုနေသည့် ရင်ခွင်တစ်စုံမှ နာကျင်နေသည့် ရင်ခုန်သံကို ကြားယောင်လာကာ လူက အရူးတစ်ယောက်ကို အရားအားလုံးကို စွန့်လွှတ်ပြီး သူ့ဆီသာ ထွက်ပြေးသွားချင်မိသည်၊၊

အချစ်ဖြင့် မှောင်မိုက်သွားသော တိမ်တိုက်များWhere stories live. Discover now