အပိုင်း-၇
××××××
''တီ,,, တီ,,,, တီ,,''
အိပ်ပျော်ခါနီး ဖုန်းမြည်သံကြောင့် ကျွန်တော် လန့်နှိုးကာ ခေါင်းအုံးဘေးရှိဖုန်းကို မျက်လုံး ပိတ်ထားလျှက်ပင် ကိုင်လိုက်သည်၊၊
'' hello, ,,ဒေါက်တာ park yoochun ပါ,,,''
အတန်ကြာသည့် အထိ တစ်ဖက်မှ ဘာသံမှ မကြားရ၊၊ အသက်ရှုသံ ပြင်းပြင်းကိုသာ ကြားနေရသည်၊၊ ကျွန်တော် မျက်လုံးကို ဖွင့်ကာ ဖုန်းနံပါတ်ကို ကြည့်လိုက်တော့ ကျွန်တော် မသိသည့် နံပါတ်တစ်ခုပင်၊၊ ဘာလဲဟ!,,, ဖုန်းသရဲတွေလား,,, ကျွန်တော် စိတ်ရှုပ်ထွေးကာ စိတ်ပေါက်ပေါက်ဖြင့် အော်ရန်ပြင်လိုက်သည်၊၊ သူများ အိပ်ချိန်ကို,,,
'' ဘယ်သ,,,''
'' yunnie က မင်းကို တွေ့ချင်လို့တဲ့,,,''
''ဘာ!,,''
Yunnie, ,,yunho လား,,, အခုပြောနေတာ,,,ဘယ်သူလဲ,,
'' ငါ,,,kim jaejoong, ,,''
ကျွန်တော် အံ့သြော်သွားသည်၊၊ kim jaejoong က ကျွန်တော့် ဆီဖုန်းဆက်တယ်ဆိုတော့,,,, သူ,,,,yunho ဘာဖြစ်လို့လဲ,,, ကျွန်တော် စိုးရိမ်စိတ်တွေ ချက်ချင်းဝင်ရောက်ကာ
'' yunho ဘာဖြစ်တာလဲ,,''
'' သူ အခု စိတ်တွေချောက်ခြားနေတယ်,,, မင်း,,, မင်း,,, မင်း,, နာမည်ကို ခေါ်နေတယ်,,,''
တစ်ဖက်မှ kim jaejoong အသံက နာကျင်နေသလိုပင်၊၊ ကျွန်တော် ချက်ချင်းပင် လာခဲ့မည်ဟုပြောကာ အိမ်မှ ထွက်လာခဲ့ သည်၊၊
Yunho အိမ်ရှေ့ ကားရပ်ပြီး ခြံတခါးဖွင့်ကာ အိမ်ထဲသို့ ပြေးဝင်လာမိသည်၊၊ မိုးတွေက သည်းကြီးမဲကြီးရွာနေပါလား၊၊ ကျွန်တော် မိုးရေထဲ ဖြတ်ပြေးကာ အိမ်ထဲ အရောက် ဧည့်ခန်းတွင်ထိုင်နေသော kim jaejoong ကို မြင်တော့ ကျွန်တော် အလိုလို ခြေလှမ်းများရပ်သွားသည်၊၊ သူက ကျွန်တော့်ကို မြင်တော့ ထိုင်ရာမှ ထရပ်ကာ ကျွန်တော့်ကို စိုက်ကြည့်နေသည်၊၊ သူ့ အကြည့်က အရမ်းကို ကြေကွဲနေသလိုပင်၊၊ ကျွမ်တော် သိပါသည်၊၊ သူ ကျွန်တော့်ကို သဘောမကျတာ၊၊ yunho အနားမရှိစေချင်သည်ကို ကျွန်တော် စိတ်က သိနေသည်၊၊ သူ သဘောမကျတာ မှန်ပါသည်၊၊ ကျွန်တော်က yunho ကို ချစ်မိနေသူမဟုတ်လား၊၊ ကျွန်တော် သူ့ရှေ့သို့ လျှောက်ပြီး

YOU ARE READING
အချစ်ဖြင့် မှောင်မိုက်သွားသော တိမ်တိုက်များ
Romanceyunho jaejoong yoochun ပျက်သွားလို့ ပြန်တင်တာပါ