ရစ်ဘီးလေး
အပိုင်း(၂)ချစ်ခြင်းရဲ့အစ
မုန်းခြင်းကှ"ညီ ကိုကို့ကိုခွဲသွားတာ ၁၅နှစ်တောင်ရှိပီနော် ကိုကို ကိုရီးယားမြေကိုစွန့်ခွာခဲ့တာလည်း ၁၀နှစ်ကျော်ပီ ညီရယ် ကိုကိုညီ့ကိုတစ်ရက်မှမေ့မရဘူးကွာ အဲ့နေ့ကိုသာ နောက်ပြန်ဆုတ်လို့ရရင်သိပ်ကောင်းမှာပဲကွာ ညီ့နေရာမှာ ဟိုဂြိုလ်ကောင်းလေးဖစ်ရမှာ ခုတော့ကွာ"
ဂျောင်ဂုသူ့ညီငယ်ပုံလေးကိုကိုင်ကာတစ်ယောက်ထဲပြောနေရင်းငိုနေမိသည် နောက်နေ့ဆိုသူခြေမချင်တဲ့နေရာကိုသူပြန်ရမှာကိုသူစိတ်ပျတ်နေမိသည်
"ညီ ကောင်းရာမွန်ရာရောက်ပါစေကွာ"
ဓာတ်ပုံဘောင်လေးကိုရင်ခွက်ထဲပွေ့ပိုက်ထားကာ သူညီငယ်အတွက်အထပ်ထပ်အခါခါဆုတောင်းနေမိသည် ရင်ထဲတွက်လည်း သူရဲ့ညီငယ်ကိုသေစေခဲ့တဲ့သူကိုလည်းသူသေလောက်အောင်မုန်းနေမိပါသည်
"ဒေါက် ဒေါက် သား ဖေဖေပါ"
တံခါးခေါက်သံကြားလိုက်ပီးဖေဖေ့အသာ့ပါတစ်ဆက်ထကြားလိုက်ရတာကြောင့် ဂျောင်ဂု ကျဆင်းနေတဲ့မျက်ရည်စတွေကို စင်ကြယ်အောင်လက်မောင်းရင်းကအင်္ကျီနဲ့ပင့်သုတ်လိုက်ပီး
"ဖေဖေဝင်ခဲ့ပါ သားတံခါးလောခ်ချမထားဘူး"
သူအသံအဆုံး ဖေဖေတံခါးဖွင့်ပီးသူအခန်းထဲဝင်လာကာ သူ့ကိုအကဲခတ်သလိုကြည့်ပီး သူရင်ခွင်ထဲက ဓာတ်ပုံဘောင်းလေးကိုမြင်လိုက်တာကြောင့် သက်ပြင်းကိုကြိတ်ချကာ
"သား အချိန်တွေကြာခဲ့ပီလေ သားကဘာလို့အဟောင်းတွေကို အသစ်ပြန်စချင်နေရတာလည်း"
"သား အသစ်ပြန်စတာမဟုတ်ဘူးဖေဖေ သားညီကမသေသင့်သေးတဲ့အရွယ်မှာသေခဲ့ရတာ ညီသေခဲ့တာလည်း ဖေဖေတို့မွေးစားလိုက်တဲ့ကောင်လေးကြောင့်ပဲ ဘယ်ကလာတဲ့ကလေးမှန်းမသိပဲ ဖေဖေတို့မွေးစားခဲ့ကျလို့ညီသေခဲ့ရတာ သား အဲ့ကောင်လေးကိုမုန်းတယ်ဖေဖေ သားမုန်းတာကိုရောဖေဖေကအပစ်လို့မြင်ချင်သေးတာလား အဲ့ကောင်လေးကြောင့်ပဲမေမေနဲ့တကွဲတပြားနေခဲ့ရတယ် သားအဲ့နေ့ကမေမေ့စကားတွေကိုခုချိန်ထိသားနားထဲမှာရော နှလုံးသားထဲမှာရော သံမှိုရိုက်ထားသလို စွဲကျန်နေတာ"
YOU ARE READING
ရစ်ဘီးလေး
Fanfictionမင်းရဲ့အချစ်ကကြိုးစနဲ့တူတယ်သိလား ငါကတော့အဲ့ကြိုးလေးတွေနဲ့အရစ်ခံရမဲ့ရစ်ဘီးလေးပေါ့ ငါ့ဘက်ကဘယ်လောက်ပဲမုန်းနေနေမင်းလေးကတော့ ချစ်ကြိုးစလေးတွေနဲ့ရစ်နှောင်ဖို့ကြိုးစားနေတဲ့သူပေါ့.. jeon jung kook.... ကိုကြီးသိလား မင်ကလေ ကြိုးစလေးမဖြစ်ချင်ဘူး ကိုကြီးဆီမှာရ...