9 UNI

2.8K 201 4
                                    

ရစ်ဘီးလေး
           အပိုင်း(၉)

အချစ်ကြောင့်ရူး အချစ်ကြောင့်မူးတယ်လို့ သူများတွေပြောကျပေမဲ့အရင်က သူမယုံခဲ့ဘူး
ခုတော့ ကိုကြီးရှိတယ် ဆိုပီး ခါးထက်ကို ဖတ်တွယ်လာတဲ့ ညင်သာတဲ့ လက်တစ်စုံကြောင့် သူနှလုံးသားလေး ကိုကြီးခြေဖဝါးအောက်မှာ ကြွေကျ ခစားခဲ့ရပီ ခုဆိုသူ့နှလုံးသားလေးထဲမှာကိုကြီးဆိုတဲ့ နာမ်စားလေးကနာမည်ယူထားနှင့်လေပီ

"အဟိ"

"ဂျီမင်းလေး နေကောင်းရဲ့လား"

တစ်ယောက်ထဲအတွေးနေတဲ့သူ့မှာ ဆောင်းဝူးအသံကြားလိုက်မှ အသိစိတ်ပြန်ကပ်လာသည်

"ဟမ် အမ်း ဟီး နေကောင်းပါတယ် "

ဆောင်းဝူးတစ်ယောက်ရျီမင်းကိုကြည့်နေသည်မှာ အချိန်တော်တော်ကြာနေပီ တစ်ယောက်ထဲပြုံးနေတာကြောင့် သူစိတ်ပူမိသွားရသည် တကယ်တော့ သူဂျီမင်းကိုစတွေ့မြင်ကတည်းက အသဲနှလုံးသားကိုသံမှိုနဲ့ဆွဲရိုက်ထားသလိုဖစ်နေပီ သူထိုကောင်လေးကိုမြတ်မြတ်နိုးနိုးနဲ့ကိုချစ်နေပိသည် ပိုင်ဆိုင်လိုတဲ့စိတ်များသည်လည်း တနေ့ထက်တနေ့တိုးပွားလာသည် ထိုကောင်လေးစိတ်ထဲမှာ သူသာနေရာဝင်ယူချင်မိလေသည် ခက်တာပဲကောင်းလေးရယ် မင်းကြောင့်ကြာရင်ကိုယ်ရူးသွားလိမ့်မယ်

"အကိုဆောင်းဝူ တစ်ခုခုပြောစရာရှိလို့လား"

သူ့ကိုတွေတွေကြီးကြည့်နေတဲ့ဆောင်းဝူကြောင့်ဂျီမင်းရှက်ရှက်နဲ့မေးလိုက်သည်

"အော် ဘာမှပြောစရာမရှိပါဘူး "

"ဂျီမင်း အကိုထယ်​ယောင်းခေါ်နေတယ် ဖိုင်တွဲပါယူလာခဲ့လိုပြောတယ်"

အဖွဲ့ခေါင်းဆောင်လီစကားကြောင့်ဂျီမင်း အံဆွဲထဲကဖိုင်ကိုထုတ်ယူကာ ရုံးခန်းဆီဦးတည်လာခဲ့သည်

"ဟူးးးးးထိန်းစမ်းဂျီမင်း ထိန်းစမ်း"

ဂျီမင်းရုံခန်းတံခါးရောက်မှ ကိုကြီးအထဲမှာရှိနေတဲ့ခံစားချက်ကြောင့် ရင်ခုန်သံတွေသည်မြန်လာရသည် ဂျီမင်းစိတ်ကိုထိန်းကာရုံးခန်းဝင်လာခဲ့သည် အမှတ်တမဲ့ကိုကြီးကိုလှမ်းကြည့်တော့ လပ်တော့ကိုအာရုံစိုက်လုပ်နေတဲ့ကိုကြီးရယ်ပါ ယောကျ်ားပီသတဲ့ကိုကြီးရယ်ပါ မျက်နှာကျပြေပြေပစ်ပစ်ပုံနဲ့အနည်းငယ်ရှည်နေတဲ့ဆံပင်ရှည်တွေကို နောက်မှာ စုစည်းထားတာကြောင့် မမီတဲ့ဆံပင်တွေသည် ပြန်ကျနေတော့းတမျိုးကြည့်ကောင်းနေသည် လက်ဖျံအကြောများသည်လည် သိသာသွာမြင်နေရသည် အဘက်ဘက်ကပြည့်စုံနေတဲ့ကိုကြီးရယ်ပါ ဂျီမင်းငေးကြည့်ရာမှသတိပြန်ဝင်လာပီး ထယ့်စားပွဲနားသွားကာ လက်ထဲကဖိုင်တွဲလေးကို တင်းပေးလိုက်သည်

ရစ်ဘီးလေးWhere stories live. Discover now