20 uni zg

2.4K 170 9
                                    

ရစ်ဘီးလေး
            အပိုင်း (၂၀)

"ဂျင် hyung ကလေးငယ်ရော"

ဂျောင်ဂု အိမ်ထဲကိုဝင်ဝင်ချင်း ကလေးငယ်ကိုမမြင်တာကြောင့် ဂျင့်ကို မေးလိုက်ချင်းပေ...
သူ့အသဲအသက်လေးက ဆေးရုံက ဆင်းပီးကတည်းက သူ့ကို ကောက်ပီး စကားမပြောတာ ဒီနေ့နဲ့ဆို ၃ရက်ရှိပီ....
ဒီနေ့တော့ ကလေးငယ်သူ့ကို စကားပြန်ပြောအောင် ကြိုးစားရမည်...

"ခုလေတင် ဟိုဆော့ဆီနဲ့ ဖုန်းချိန်းထားလို့ဆိုပီး အပေါ်တတ်သွားလေရဲ့.."

"ကလေးမျက်နှာလေး ကြည်ရဲ့လားhyung"

"ဟမ် ငါနဲ့တော့ ကြည်နေတာပါပဲ ဘာလည်း မင်းတို့ ရန်ဖစ်ထားပြန်ပီလား"

သူ့စကားကြောင့် ဂျောင်ဂု မျက်နှာ အိုကျသွားတောကြောင့် ဂျင်မေးလိုက်ခြင်းပေ....

"ရန်ဖစ်ထားတာမဟုတ်ပါဘူးhyung ရာ ဆေးရုံကဆင်းပီးကတည်းက ကျွန်တော့ကို ကလေးငယ်က စကားကိုမပြောတော့တာ ခုသူကြိုက်တာလေးတွေဝယ်လာပီး ချော့မလို့လေ.."

"ဟွန်းးးးငါမပြောချင်ဘူးနော် သွားသွား ချော့ချေ လူလေးကြည့်တော့ ငါ့ညီက အေးမလိုလိုနဲ့ အကောက်လေးမှန်း ငါပိုသိလာရပီ.."

"ကလေးငယ်က အ့လိုကောက်မှ ကျွန်တော့ချော့လို့ရမှာပေါ့ hyungရ"

"အော်... အေးပါအေးပါ.. သွားချော့ချေသွား.."

သူပြောတာကို မခံပဲ ဂျီမင်းဘက်က ဝင်ပြောနေတဲ့ ဂျောင်ဂုကို မကြည်ကြည့် ကြည့်လိုက်ပီး အတင်းနှင်လွတ်လိုက်လေသည်..
သူနှင်တာနဲ့ အိမ်ပေါ်ကို အပြေးတပိုင်းတတ်သွားတဲ့ ဂျောင်ဂုကိုကြည့်ပီး ဂျင်ပြုံးပီးသာ ခေါင်းခါမိလေသည်..သူ့ညီလေးက တကယ်အကောက်လေးပဲကို.. ချော့တော့ဂျောင်ဂုရေ ချော့ပေတော့........

ဂျောင်ဂု လက်ထဲက ဝယ်လာတဲ့ ပီဇာ ထုတ်လေးကို ငုံ့ကြည့်ပီးပြုံးနေမိသည်..ကလေးငယ်က ပီဇာအရမ်းကြိုက်တာ သူသိတာပေါ့...ခုတော့ ဒီဟာလေးနဲ့ ချော့ရပေမည်..
ဂျောင်ဂု သူ့အတွေးနဲ့သူ  ကလေးငယ်အခန်းရှိရာဆီကို ဦးတည်လာခဲ့သည်..
ကလေးငယ် အခန်းဝနားရောက်တော့ အသံစူးစူးလေး ကြားလိုက်ရတာကြောင့် အခန်းဝမှာ ရပ်ကာနားထောင်နေမိသည်

ရစ်ဘီးလေးWhere stories live. Discover now