13 uni

2.9K 201 6
                                    

ရစ်ဘီးလေး
           အပိုင်း  (၁၃)

မနက်ခင်း သာယာတဲ့မနက်ခင်းတစ်ခုမှာ သူနာကျင်မှုများနဲ့ နိုးထလာခဲ့ရသည် စောင်လေးချောကျလာသည်နှင့်လည်ပင်းညှပ်ရိုး စသည့်မြင်နေရတဲ့နေရာများမှာ အနီရင့်ရောင်အကွက်များ ထင်ခနဲပေါ်လွင်လာခဲ့သည် နူတ်ခမ်းဖူးဖူးလေး၏ထောင့်နေရာလေးမှာလည်း သွေးစလေးများစို့နေသည်

"အ့ "

ထ ထိုင်လိုက်သည်နဲ့ခါးအောက်ပိုင်းမှ ဆစ်ခနဲ နာကျင်စူးအောင့်သွားရသည်

"အ့ ကျွတ်  နာလိုက်တာ"

မနည်းထ ထိုင်လိုက်ပီး ဘေးနားကိုကြည့်လိုက်တော့ ဘယ်သူမှရှိမနေပေ ဂျီမင်း နာကျင်စွာ မဲ့လိုက္ပီး

"လူမှားတာပါဆိုပီးတောင် မင့်ကိုမတောင်းပန်နိုင်ဘူးလား ကိုကြီးရယ်"

ဂျီမင်း ကျလုဆဲဆဲမျက်ရည်ကို အောက်နူတ်ခမ်းလေးကိုကိုက်ထားရင် ထိန်းနေသည် ပီးတော့ နာကျင်တာကို မမှုပဲ ကိုယ်ကို စောင်နဲ့ခြုံပတ်ကာ ကုတင်ပေါ်က ခြေ ချလိုက်ပီး မတ်တပ်ထရပ်လိုက်သည် မတ်တပ်ထရပ်လိုက် သည်နဲ့ ခါးအောက်ပိုင်းသည် အဆမတန်နာကျင်လာတာကြောင့် ကိုယ်ကို မထိန်းနိုင်တော့ပဲ ကုတင်အောက်တွင်သာ ပုံပုံလေး ထိုင်လျက်လဲကျသွားလေသည် ရင်ထဲကနာတာလား ဒဏ်ကြောင့်လားမသိ ဂျီမင်းမျက်ရည်များ တာကျိုးသလို စီးကျလာလေသည်

"မုန်းလိုက်ချင်တယ် အရမ်းမုန်းလိုက်ချင်တယ် ကိုကြီးရယ်  မင့်ကိုဘာလို့ နာကျင်အောင်အမျိုးမျိုးလုပ်ရက်ရတာလည်း အဟင့်းးးးးးးး"

ဂျီမင်းကလေးတစ်ယောက်လို အော်ငိုနေမိလေသည်သူငိုလို့ အားရသည်နဲ့ အားတင်းကျုံးထကာ ရေချိုးခန်းထဲဝင်ပီး ရေချိုးချလိုက်သည်  ရေချိုးရင်းလည်းငို အကျီလည်းနေရင်းလည်း သူငိုနေမိသည် အကုန်ပြင်ဆင်ပီးတာနဲ့ အလုပ်သွားရန် ဂျီမင်းထွက်လာခဲ့သည်

"သားငယ် ဘာမှမစားတော့ဘူးလား တစ်ခုခုစားသွားဦးလေ"

အိမ်အောက်ထပ်ရောက်သည်နဲ့ မေကြီးအသံကြားတာကြောင့် ငိုထားတာကို မသိစေရန် မျက်ဝန်းမှမျက်ရည်စတွေကို သုတ်လိုက်မိလေသည်

ရစ်ဘီးလေးWhere stories live. Discover now