ရစ်ဘီးလေး
အပိုင်း.(၂၃)"ကိုကြီး ထလေ ထတော့လေနော်"
ကလေးငယ် အသံ ဒီအသံက ကလေးငယ်အသံ ဘာလို့သူက ထ လို့မရတာလည်း တစ်ကိုယ်လုံးကိုင်ရိုက်ထားသလိုကြီး ဖစ်နေသည် သူကလေးငယ်အသံကို ကြားရပေမဲ့ လူက ထမရပေ မျက်လုံးများသည်လည်း ကလေးငယ်ကို ဝိုးတဝါး ပုံရိပ်သာ မြင်နေရလေသည်
"ကိုကြီး ထတော့နော် ကလေးကို လာခေါ်ပါနော် အဟင့်ဟင့် "
ရှိုက်သံ ကလေးငယ် ငိုနေတာလား ကလေးငယ်ရယ်...
ကလေးငယ် စကားအဆုံးမှာ ဖျော့တော့ပီး ရှိုက်သံလေး ပေါ်လာတာကြောင့် သူ့ရင်ထဲ ဆစ်ခနဲ နာကျင်သွားရလေသည်..."ကိုကြီးထတော့နော် ကိုကြီး ထပါတော့ ကလေးကိုလာခေါ်ပါ"
ထိုစကားသံလေးအဆုံး သူရဲ့ဝိုးတဝါးပုံရိပ်လေးက ပြေးထွက်သွားတာကြောင့် ဂျောင်ဂု အတင်းရုန်းထကာ....
"ကလေးငယ် ကလေးငယ် မင်းဘယ်ရောက်သွားတာလည်း ကလေးငယ်....."
"ဂျောင်ဂု..ဂျောင်ဂု သတိထား မင်းသတိရလာပီလား"
ထယ်ယောင်း ဂျောင်ဂုကိုစောင့်နေရင်းအိပ်ငိုက်နေရာမှ ဂျောင်ဂု အသံကြောင့် လန့်နိုးလာရလေသည်.....
"ထယ် ကလေးငယ်ရောကလေးငယ်ရော"
"သတိထား ဂျောင်ဂု သတိအရင်ဆုံးထား ပီးမှ မင်းသိချင်တာကို အေးဆေးမေး ငါဖြေမယ် ရော့ ခုတော့ ရေလေးသောက်လိုက်ဦး"
ထယ် ဂျောင်ဂုကို ရေတစ်ခွက်တိုက်လိုက်ပီး ထိုင်ရသက်သာစေရန် နောက်ကျောဘက်ကို ခေါင်းအုံးတွေကို ဆင်ခံပေးထားလိုက်သည်...
"ဂျောင်ဂု ခုငါပြောတဲ့စကားကို သေချာနားထောင်နော်"
ထယ် ခေါင်းမှာ ပတ်တီးဖွေးလေးနဲ့ သူငယ်ချင်းလေးကို စိတိမကောင်းစွာကြည့်လိုက်ပီး....
"မင်လေး မင်လေး ပျောက်နေတယ်."
"ဘာ...ကလေး ကလေးငယ်.ပျောက်နေတယ်... အ့..ကျစ်. တောက်စ်ကွာ..."
ထယ့်ဆီက ကြားလိုက်ရတဲ့စကားကြောင့် ဂျောင်ဂု ဆက်ခနဲ့ထလိုက်တော့ ခေါင်းမှ ဆစ်ခနဲ့ နာကျင်သွားရလေသည်...
ထိုနာကျင်မှုနဲ့အတူ စိတ်တွေသည်ကလည်း ကလေးငယ်ဆီကိုသာ ရောက်နေမိသည်..မင်းဘယ်ရောက်နေလည်းကလေးငယ်ရယ်...
YOU ARE READING
ရစ်ဘီးလေး
Fiksi Penggemarမင်းရဲ့အချစ်ကကြိုးစနဲ့တူတယ်သိလား ငါကတော့အဲ့ကြိုးလေးတွေနဲ့အရစ်ခံရမဲ့ရစ်ဘီးလေးပေါ့ ငါ့ဘက်ကဘယ်လောက်ပဲမုန်းနေနေမင်းလေးကတော့ ချစ်ကြိုးစလေးတွေနဲ့ရစ်နှောင်ဖို့ကြိုးစားနေတဲ့သူပေါ့ . . ...........................jeon jung kook.... ကိုကြီးသိလား မင်ကလေ ကြိုးစ...