11 zg

1.1K 45 2
                                    

ရစ်ဘီးလေး

         အပိုင်း (၁၁)

ချစ်လား မချစ်ဘူးလား
ကိုယ်တိုင် မခွဲခြားနိုင်သေးဘူးပဲ

💜💜💜💜💜💜💜💜💜💜💜💜💜💜

အမှောင် ဘယ်အရာမှ သည်းကွဲစွာမမြင်နိုင်တဲ့အမှောင်ထဲကိုသူရောက်နေသည် အရင်ကရောက်ဖူးနေကျနေရာမဟုတ်ပဲ ခုနေရာကပိုမှောင်မဲနေသည် ကြောက်သည် အကြောင်းပြချက်ကိုမရှိပဲသူအမှောင်တွေကို ကြောက်နေမိသည် အိမ်မက် ဒါကအိမ်မက်မှန်းလည်းဂျီမင်းသိနေသည် ထိုအမှောင်ထဲမှ သူထွက်ပြေးနေရင်းပဲမောဟိုက်လာသည်

"သားငယ်"

"သေးသေးလေး "

ဒီအသံ ဒီအသံတွေကိုသူရင်းနှီးနေသည် မေးကြီးနဲ့ကိုကြီးအသံ ဟုတ်တယ်

"မေကြီး  ...ကိုကြီး  ..မင့်ကိုလာခေါ်ပါ မင်အရမ်းကြောက်တယ်"

သူအသံတွေကိုကြားနေပေမဲ့ ဘယ်လိုအရာမျိုးမှ သူ့အနားမှာမရှိချေ

"သားငယ်လေး လာမေကြီးဆီကို လာခဲ့ သားငယ်လေးရှေ့မှ မေကြီးရှိတယ် လာခဲ့"

"ဂျီမင်း သေးလေး သေးလေးရှေ့မှာကိုကြီးရှိတယ် လာခဲ့နော်"

ထိုစကားအသံအဆုံး အမှောင်များကြားထဲကနေထိုးထွက်လာတဲ့ အလင်းတန်း

"သေးသေးလေး သတိရလာပီလား ဘလိုနေသေးလဲ "

မျက်လုံးစ ဖွင့်ဖွင့်ချင်း နူးညံ့နဲ့အသံနဲ့အတူ နွေးထွေးစွာ ဆုပ်ကိုင်ထားတဲ့လက်တစ်ဖတ်
သူနိုးထလာခဲ့ပီ အမှောင်ကြားထဲကနေ သူနိုးထလာခဲ့ပီ

"ရေ  ရေသောက်ချင်တယ်"

သူရေးတောင်းလိုက်တာနဲ့ကိုကြီးက ရေချိုင့်ထဲမှရေကို ဖန်းခွက်လေးထဲထည့်ပီး သူ့ခေါင်းလေကို ဖွဖွလေး ထူမ ပေးကာ ရေးတိုက်လေသည်

"စိတ်ချရပါပီ ဒါပေမဲ့လက်ကိုတော့ ထပ်ပီး အထိခိုက်မခံမိပါစေ သောက်ရမည့်ဆေးတွေကိုလည်း ကျွန်တော်ပေးခဲ့မယ် ခုညအတွက် လူနာကို အစာစာတခုခုကျွေးပီး ဆေးတိုက်လိုက်ပါ ဆေးကအိပ်ဆေးပါတာမို့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်လိမ့်မယ် ကဲဂျောင်ဂုနဲ့အန်တီ ကျွန်တော့ကို ခွင့်ပြုပါဦး"

ရစ်ဘီးလေးWhere stories live. Discover now