16uni zg

2.9K 189 6
                                    

ရစ်ဘီးလေး
           အပိုင်း (၁၆)

"အဆင် အဆင်ပြေပါ့မလား  နမ်းဂျွန်"

"ကြည့် ကလေးကြီးကလည်းကွာ ကိုယ့်ကို မယုံဘူးလား"

"ယုံတာက ယုံပါတယ် ဒါပေမဲ့ မင်းမိဘတွေနဲ့တွေ့ဖို့ အဆင်သင့်မဖစ်သေးဘူးလို့ငါထင်နေတယ် ပီးတော့.."

"ပီးတော့ ဘာဖစ်လည်း ဆက်ပြောလေ ကလေးကြီး ပြောလေ"

တကယ်တော့ ဒီနေ့က နမ်ဂျွန်မိဘတွေဆိုသူလာတွေ့တာပါ ဘေးနားက ကိုယ့်ချစ်သူကဘလောက်အားပေးပေး တကယ်ကြောက်နေမိတာတော့အမှန်ပေ ပီးတော့ သဘောမတူမှာကိုလည်း ဂျင်စိုးရိမ်မိတယ်

"မင်းမိဘတွေက မင်းနဲ့ငါ့ကိုသဘောမတူရင်ဘလိုလုပ်မလည်း အ့လိုဖစ်မှာကိုလည်း ငါကြောက်တယ် ငါမင်းကိုအရမ်းချစ်နေလို့  ငါတစ်စက်ကန့်လေးတောင်မခွဲချင်ဘူး" 

ဂျင့်စကားကြောင့် နမ်းဂျွန် ရင်ထဲ ကြည်နူးမှုလေးသည် စကားလုံးနဲ့ကိုဖော်မပြနိုင်အောင်ဖစ်သွားရသည် နမ်းဂျွန် ဂျင့်ရဲ့အေးစက်နေတဲ့ လက်ဖျားလေးတွေကို သူ့လက်နှစ်ဖတ်နဲ့ထွေးဆုပ်ထားရင်

"ကျွန်တော့ကိုပဲ ကြည့်နေပေးမှာ ဘာတွေပဲဖစ်လာဖစ်လာ နောက်ဆုံးအချိန်ထိ ကလေးကြီး ဘေးမှာရှိနေပေးမဲ့ ကောင်လေးပါ ကုန်ကုန်ပြောရရင် မာမီတို့သဘောမတူရင်တောင် မာမီတို့ကိုဆန့်ကျင်ပီး ကလေးကြီး ကိုရအောင်ယူမဲ့ကောင်ပါဗျာ"

"မွေးရကျိုးနပ်တဲ့ မာမီ့သားလေးပဲ"

နမ်းဂျွန်စကားဆုံးသည်နဲ့ နောက်မှကြားလိုက်ရတဲ့အသံကြောင့် သူရောဂျင်ပါ မျက်လုံးပြူးသွားရသည်

"မာမီ ဘယ် ဘယ်ချိန်ကတည်းကရောက်နေတာလည်း"

"အဟွန့် မင်းစကားစပြောကတည်းက ေရာက်နေတာ"

"မာမီကလည်း သူများစကားပြောနေတာကို ခိုးနားထောင်ရလား"

"ဟဲ့ ဒေါက် မအေကို ဘလိုတွေပြောနေတာလည်း ကင်နမ်းဂျွန် မင်းသာ ​ရှေ့မကြည့်နောက်မကြည့်ပြောနေတာ ငါကခိုးနားထောင်တာ ဖစ်ရောလား"

သူ့မာမီဆိုသူမှာ အ့လို စိတ်ထပ် လက်ကမြန်နေတာမျိုး..
ခုလည်းနာသွားတဲ့ ခေါင်းကိုလက်နဲ့အသာပွတ်ကာ ဘုကြည့်ကြည့်နေသည်

ရစ်ဘီးလေးWhere stories live. Discover now