15uni zg

3.3K 202 7
                                    

ရစ်ဘီးလေး
            အပိုင်း  (၁၅)

"ဟင့် မုန်းစရာအရမ်းကောင်းတဲလူကြီးကို ငါကသတိတရ တရတယ်လို့ ဟွန်း ပတ်ခ်ဂျီမင်း မင်းတော့နော် ဟွန့်"

ဂျီမင်းတစ်ယောက်ထဲ ခေါင်းကိုထုရင်းပြောနေမိသည် ပီးနောက် ခြံထဲ၌သူမွေးထားတဲ့ငှက်လေးတွေဆီကိုဦးတည်သွားလေသည်

"ပိကျိ ပကျိ"

ငှက်ကလေးများသည် သူ့ကိုမြင်လိုက်တာနဲ့ အော်မြည်ကျလေသည်

"အော်ဟော် ဖေ့သားကြီးတွေက ဖေ့ကိုမှတ်မိတာပဲ ကဲဖေ့သားကြီးတွေ ဗိုက်ဆာနေပီမလား ဖေကြီးကျွေးရမှာပေါ့"

ဂျီမင်းငှက်လေးတွေကို စကားမော့ပြောရင်း ငှက်စာပုံးကိုယူကာ တစ်ဆတ်ထဲ ထောက်သံလှေကားကိုမယူပီး နေရာတည်တကျထားလိုက်ပီး ဂျီမင်းလှေခါးပေါ်ကို တစ်ထစ်ချင်းတတ်လိုက်သည်
ပီးမှ ငှက်အိမ်လေးထဲကို အစာလေးတွေထည့်နေပီး

"မင်းတို့ပဲ ငါ့အပေါ်ကောင်းတာသိလား မင်းတို့ကငါ့စကားဆိုအရမ်းနားထောင်တယ် ငါ့ကိုလည်းစိတ်ညစ်အောင်မလုပ်ဘူး တချို့သူတွေဆို ပါးစပ်ကသာ ချစ်တယ်ပြောနေကျတာ တကယ်လက်တွေ့ကျတော့ ဟွန်းးးး မပြောချင်တော့ဘူးကွာ ရော့ စားများများစား"

အစာငုံ့စားနေတဲ့ငှက်လေးကို အသာလေးခေါင်းလေးတွေကိုပွတ်ပေးနေသည်

"ဘယ်ဆိုးလို့လည်း တိရိစ္ဆာန်တွေနဲ့တောင်စကားပြောတတ်နေတာပါလား"

"ဟင် ကိုကြီး"

တကယ်တော့ဂျောင်ဂု ဂျီမင်းအိမ်ထဲက ထွက်လာကတည်းက ခြံထဲရောက်နေတာပါ
တစ်ယောက်ထဲပွစိပွစ်ပြောနေတာကြောင့် သူအသံမပေးပဲအသာလေးကြည့်နေမိတာ
ဝတ်ထားတဲ့အဖြူရောင် တီရှပ်နဲ့ အမဲရောင် ဒူးကျဘောင်းဘီပွလေးကြောင့် လူကပိုသေးကွေးနေသည်  ကွင်းထိုးဖိနပ်အမဲရောင်လေးကလည်းခြေဖဝါးသေးသေးလေးတွေရဲ့ ဖနောင့်နီတာရဲလေးကို မဖုံးနိုင်
ထိုသေးသေးလေးကသူ့ကိုလုံးဝမမြင်ပေ ငှက်အိမ်လေးပေါ်ကိုလှေခါးနဲ့တတ်သွားသည်မှာလည်း ပေါ့ပါးစွာ
ဂျောင်ဂုလည်း လက်နှစ်ဖတ်ကိုပိုက်ထားရင်း အသေးလေးလှေကားခြေရင်းမှာ ရပ်နေလိုက်သည်
ဒါကိုလည်း ထိုအသေးလေးက မသိ ပွစိပွစ်အသံလေးထွက်လာတာကြောင့် ဂျောင်ဂု နူတ်ခမ်းပါးထပ်အပြုံးတွေသည် ရပ်မသွားခဲ့
ထိုပွစိပွစိအသံလေးတွေက သူ့ကိုအတင်းချနေတာကို သိလိုက်သည် ထိုအချိန်မှ သူအသံပေးလိုက်ခြင်း...

ရစ်ဘီးလေးWhere stories live. Discover now