3

3K 221 3
                                    

ရစ်ဘီးလေး
            အပိုင်း(၃)

အမုန်းရဲ့ အလွန်မှာ
အချစ်ရှိနေခဲ့တယ်

ခြဲရှေ့ကားရပ်သံကြားတာကြောင့် ဂျောင်ဂုဆေးလိပ်သောက်နေရင်း  အိမ်ရှေ့တံခါးပေါက်ဘောင်ကိုမှီရပ်နေရင်း ခြံထဲဝင်လာတဲ့အရပ်သေးသေးလေးကို သူစူးစိုက်ကြည့်နေသည်  ပေါ်လာပါပီ တီရှပ်အင်္ကျီအဖြူပေါ်မှာ အဝါရောင်နဲ့အမဲကွက်ပါတဲ့ရှပ်လက် ရှည်ကိုဝတ်ထားပီး ဘောင်းဘီအသားရောင်လေးနဲ့တွဲဝတ်ထားသည့် သေးသေးလေး တကယ်ကိုသေးသေးလေးပါပဲ ဆံပင်ကလည်းအဝါရောင်လေးနဲ့ နုတ်ခမ်းမှပွစိပွစိပြောပီးဝင်လာတဲ့သေးသေးလေးကို သူငေးခနဲကြည့်မိသွားသည် သေးသေးလေးကတော့သူကိုမမြင်ပါ သူငေးနေရာမှသတိပြန်ဝင်လာကာ မျက်နှာကိုတည်လိုက်ပီး

"ဒါကကျောင်းကပြန်လာရမဲ့အချိန်လား"

ဖျတ်ခနဲ့ပင့်ကြည့်လာတဲ့ မျက်ဝန်းကြည်ကြည်လေးတွေစိန်ပွင့်လေးတွေလိုပဲ သူ့ကိုတမေ့တမောကြည့်နေရှာတဲ့ သေးသေးလေး  ပီးတော့ နုတ်ခမ်းဖူးဖူးလေးကနေ ထွက်လာတဲ့စကားလေးကြောင့် သူ့ရင်တစ်ခုလုံးသိမ့်ခနဲ

"ကိုကြီး"

သူ့ရင်ခုန်သံကို သူပြန်ထိန်းလိုက်ပီး မျက်နှာတည်လိုက်ပီး သေးသေးလေးကိုမဲ့ပြုံးနဲ့ကြည့်လိုက်သည်

"အဟွန့်  မဆိုးပါဘူး ငါ့ကိုတော့မှတ်မိသားပဲ  မင်းကနေ့တိုင်းဒီလိုအချိန်မှပြန်လာတာလား "

"မဟုတ် မဟုတ်ပါဘူးကိုကြီး ဟိုလေ"

"ဆင်ခြေပေးတတ်တာ ငါအမုန်းဆုံးပဲ"

သူကို့စကားဆုံးအောင်ပြောခွင့်မပေးပဲ လှည်ထွက်သွားတဲ့ ကိုကြီးကျောပြင်ကို သူငေးငေးလေး လိုက်ကြည့်နေမိသည်

"ခုထိမုန်းနေတုန်းပဲလား ကိုကြီးရယ် ဘာတွေဖစ်ဖစ် မင်ကိုကြီးအတွက် အမြဲပေးဆပ်နေမှာပါ"

သူ့ရင်ခုန်သံတွေကို သူစိတ်တိုမိသည် ဘာဖစ်လို့ငါရင်တွေခုန်နေရတာလည်း  ငါအဲ့ကောင်လေးကိုမုန်းရမယ် မုန်းကိုမုန်းရမယ်

"တောက်စ် ဒုန်း"

ဂျောင်ဂု စကားဆုံးအောင်ပြောခွင့်မပေးပဲလှည့်ထွက်လာခဲ့ပီးမှ သူရင်ဘတ်ထဲကရင်ခုန်သံတွေကြောင့် သူစိတ်တိုစွာ တောက်စ်ခေါက်လိုက်ပီး အိပ်ခန်းတံခါးကိုပါ အားနဲ့ဆွဲပိတ်ပစ်လိုက်သည်

ရစ်ဘီးလေးWhere stories live. Discover now