ခမ်းနားလိုက်တာဆိုတာထပ် ပိုသော အိမ်ကြီးက
ကျနော့်ပိုင်ဆိုင်မူတဲ့လား
ဆောက်လုပ်ရေးမန်နေဂျာလေး jeon Jungkook က
တပြားကနေ နှစ်ပြားခွါစုပီး
ထိုအိမ်ကြီးကို စျေးပေါပေါနဲ့ ရလိုက်ခြင်းပင်အကြောင်းကတော့ သရဲခြောက်လို့တဲ့
ကျနော်ကတော့ အယုံအကြည်မရှိပါ
အိမ်ကြီးအပြင် အိမ်တွင်းပစ္စည်းတွေပါရတာမို့
စဉ်းစားမနေပဲ ဝယ်လိုက်ခြင်းပင်
နယ်မှာကျန်ခဲ့တဲ့ Jin Hyung ကိုလှမ်းခေါ်မယ်အိမ်ပိုင်ပီဆိုတော့ မိန်းမယူလို့ရပီ
မိန်းမယူဖို့ ရည်းစားရှာမယ်
အဟီး အတွေးထဲတော့ရှယ်ပဲJin Hyung က နက်ဖြန်ရောက်မယ်ဆိုတော့
အခုညတော့ တယောက်ထဲ
သရဲခြောက်တဲ့ စံအိမ်မှာ တယောက်ထဲ အိပ်မယ့်
ကပ်စေးနှဲကော်တရာကောင်လေးအိပ်ခန်းတွေရှိရာ လှေကားအတိုင်းတက်လာတော့
ပန်းချီကားတခု
ပန်ချီကားထဲမှာ
သိပ်အသက်ဝင်လှတဲ့ မျက်ဝန်းတွေနဲ့ အမျိူသားတဦး
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. " အမျိုးသားတဦးက ဒီလောက်လှဖို့လိုလို့လား
သရဲခြောက်တယ်ဆိုတာ
ပုံထဲက အမျိုးသားကလိုက်ခြောက်နေတာလား
သူများတွေပြောတာတော့ ကြားဖူးပါရဲ့
ညညဆိုဝရံတာကလသာဆောင်မှာ
ဝတ်ရုံနက်နဲ့ ဖြတ်ဖြတ်လျောက်နေတဲ့အရိပ်တွေ
တွေ့ဖူးကြတယ်ဆိုပဲ
မူးနေတဲ့အရှိန်လေးပါနေတဲ့ Jungkook တယောက်
မကြောက်မရွှံ ဓာတ်ပုံပေါ်က လူချောရဲ့
ပါးလေးပေါ် လက်ဝါးပြင်ကပ်လိုက်ရင်း" အဟီး ဒီလို သရဲ ချောချောလေးကများ
ခြောက်လို့ကတော့
အာဘွားတောင်ပေးလွှတ်ဦးမှာ
ပါးလေးတွေက ဖောင်းဖောင်းလေးနဲ့ အိနေမယ့်ပုံ
ကျနော့်နှာခေါင်းပွပွနဲ့ လိုက်လိုက်မယ့်ဖြစ်ခြင်း"

YOU ARE READING
Jikook short stories collection of Ma Ma Theint
FanficJikook ကို one shot လေးတွေဖတ်ချင်ရင် ဖိတ်ခေါ်ပါတယ်နော်