Chapter 0

1.8K 80 5
                                    

uni

"နင့်ကို ဒီအခန်းလေး တစ်ခန်းပဲကျက်ခိုင်းတာ တအားတွေ ခက်ခဲနေလို့လား!!! "

ငါးထက်လောက်သာ မြင့်သော နှစ်ခန်းတွဲတိုက်တစ်တိုက်၏ သုံးလွှာမြောက် ညာဘက်အခန်းတွင် ဆုဓာတ်ပုံတွေ ရော ဆုတွေနဲ့ပါ ပြည့်နှက်​နေ သည့် အပြင် ဆူညံသံအချို့ပါ ကြားနေရသည်..။

"ဒေါ်မေကြည် သူ့သမီးကိုဆူပြန်ပြီထင်တယ်.."

*ဒေါ်မေကြည်*တစ်ယောက် သူ့သမီးကို စာပြနေတဲ့အချိန် ဆို ဒီအသံတွေက ကြားနေကြမို့လို့ အိမ်နီးချင်းတွေကတော့ နေသားကျနေပါပြီ..။

"မခက်ဘူးဆို အမေကျက်လေ..."

"နှောင်းခ!!!! နင်ငါ့ကို ပြန်ခံပြောနေတာလား . နင်ကောင်းဖို့ ပြောနေရတာလေ!!!.."

"သမီးကောင်းဖို့ ကောင်းဖို့ ဆိုပြီး အဲ့ဒီ့ဂုဏ်တွေကို ဘုရားတစ်ဆူလို ကိုးကွယ်နေတာကြတော့ရော!!!"

ဖြောင်း!!!!!

ဒေါ်မေကြည် နှောင်းကို ပါးတစ်ချက်ရိုက်လိုက်မိသည်..။ အနာပေါ်တုတ်ကျသွားဟန် တူသည်.။ဒေါသတွေကလည်း တရှူးရှူးနှင့်..။

"တော်ပြီဗျာ!!! ထပ်ကျက်လို့လည်းမရတော့ဘူး!! စာမေးပွဲလည်း အမေ့ပါအမေပဲ ဝင်ဖြေလိုက်တော့!!! "

ဘုန်း!!!!!

"ကြားလို့မှ ကောင်းကြသေးရဲ့လား အရပ်ကတို့ရေ!!! သမီးက အမေကိုပြန်ပြောနေတာတဲ့!!! နင့်ကိုမွေးရတာ ငါဝမ်းရည်စပ်တယ်ဟဲ့!!! နှောင်းခ ရဲ့ !!!! "

နှောင်း တံခါးပိတ်ပြီး အပြင်ထွက်သွားသည့်တိုင်အောင် ဒေါ်မေကြည် အခန်းထဲ အော်ဟစ် ကြိမ်းမောင်းနေစဲ...။

၁၇ နှစ်အရွယ်ကလေးတစ်ယောက်ကို သင်တန်းပေါင်းစုံက လက်မှတ်တွေယူခိုင်း၊ ရှိသမျှနိုင်ငံတွေရဲ့ ဘာသာ ပေါင်းစုံက်ိုသင်ခိုင်း၊

သားသမီးကို မြင်းလိုမောင်းပြီး ရလာသမျှအောင်မြင်မှုတွေကို လူပုံအလည်ကြွားလုံးထုတ်ချင်နေတဲ့ ဒေါ်မေကြည်က အထက်တန်း ပြဆရာမတစ်ယောက်ပါ..။

ဒေါ်မေကြည်လိုမျိုး အရမ်းကြီး မစွတ်ဖတ်ပေမဲ့ အရက်သောက်ပြီး မူးရင်မူးသလို အဆင်မပြေရင်မပြေသလို ။

Before I Die (BID)Where stories live. Discover now