Uni
သာယာတဲ့ နေ့လည်ခင်းလေးတစ်ခုမှာပေါ့။
အမျိုးသမီးနှစ်ယောက်ဟာ စက်ဘီးကလေး တစ်စီးနဲ့ ပန်းခင်းတွေ ဝန်းရံထားတဲ့ လမ်းကျဉ်းလေးမှာ ခရီးနှင်နေခဲ့တယ်..။ကြည်လင်နေတဲ့ အပြာရောင်ကောင်းကင်ကြီးထက်က တိမ်တိုက်ဖြူဖြူတွေက ထိုအမျိုးသမီးနှစ်ယောက်ကို နေရောင်ဒဏ်မထိရလေအောင် နေမင်းကြီးကို အံတုပြီး ကာကွယ်ပေးနေတယ်လေ။
ပန်းခင်း ပေါ်က ပန်းတစ်ပွင့်ချင်းစီတိုင်းကလည်း သူတို့ကို လက်ပြနှုတ်ဆက်နေလေရဲ့.။ လေငြင်းလေးတွေကလည်း သူတို့ဆံနွယ်တွေကို တိုးဝေ့လို့ .ကျီဆယ်နေတယ်လေ ။
မှိုင်းအုံ့အုံ့ သစ်ညိုပင်က သစ်ရွက်ကလေးတွေဟာ တစ်ရွက်တစ်ရွက် ကြွေလွင့်သွားတိုင်း ထိုအမျိုးသမီး နှစ်ယောက် ဘာတွေပြောပြီး ရယ်နေကြသလဲ ဆိုတာ ခိုးခိုးနားထောင်သွားကြတယ်.။
အရပ်ရှည်ရှည် အသားဖြူဖြူနဲ့ စက်ဘီးနှင်းနေတဲ့ အမျိုးသမီးလေးက နှောင်း တဲ့ ..။ သူမ အနောက်က ဘေးစောင်းထိုင်လာတဲ့ မျက်မှန်လေး၊ ဆံပင်အလိမ်လေးတွေနဲ့ ပျိုကညာလေးက ယွန်း တဲ့လေ.။
သူတို့နှစ်ယောက်ဟာ တစ်လောကလုံးကို မေ့ပြီး အေးချမ်းသာယာတဲ့ နှစ်ယောက်ထည်း ကမ္ဘာလေးကို တည်ဆောက်နေကြသတဲ့.။
ဒါပေမဲ့ ရုတ်တရတ်ကြီး နှောင်း ဆိုတဲ့ အမျိုးသမီး လေးကို ဘယ်ကမှန်းမသိတဲ့ လူတစ်စုက ကျောက်စရစ်တွေနဲ့ ပစ်ပေါက် တိုက်ခိုက်လာတယ်.။
ယွန်း ဆိုတဲ့ ကညာလေးကလည်း ထို အမျိုးသမီးလေးကို တတ်သမျှအားနဲ့ ကြိုးစားပြီး ကာကွယ်ဖို့ စက်ဘီးလေးအပေါ်က ခုန်ချလိုက်ပါတော့တယ်။ ကံမကောင်းစွာနဲ့ ဟန်ချက်ပျက်ကာ စက်ဘီးကလေးမှောက်သွားပါတော့တယ်။
နှစ်ယောက်စလုံး မြေပြင်ပေါ် လဲကျသွားပါပြီး ဒဏ်ရာတွေ ရကုန်တယ်လေ။ ဒါပေမဲ့ ကျောက်စရစ်တွေနဲ့ ပစ်နေတဲ့ သူတွေက မရပ်ခဲ့သလို မိန်းမပျိုလေးတွေမှာလည်း ပြန်တိုက်ခိုက်စရာလက်နက်မရှိပါဘူးတဲ့..။
သူတို့နှစ်ယောက်စလုံး လက်တွဲပြီး ထွက်ပြေးကြတယ်.။ သာယာတဲ့ ပတ်ဝန်းကျင်လေးကနေ ရုတ်တရတ် မှောင်မဲနေတဲ့ တောနက်ကြီးထဲ ရောက်သွားခဲ့တယ်.။
YOU ARE READING
Before I Die (BID)
Mystery / Thriller*ထွက်သက် မတိုင်မီ* ( before I Die) "နှောင်း ငှက်တွေကို သိပ်မုန်းတာပဲ မ ရယ်။ သူတို့က အတောင်ပံရှိတယ်။ လွတ်လွတ်လပ်လပ် ပျံသန်း နိုင်တယ်ဆိုပြီး နှောင်းကို လာလာလှောင် နေကြတယ်.." "နှောင်း ရယ်.. အဲ့ဒီ့ငှက်တွေ အမ ကိုပြစမ်းပါ . အမ မင်း နဲ့ပုံစံတူအောင် အတောင...